LG ဟာ အခုနောက်ပိုင်းမှာ LG Velvet နဲ့ LG Wing လိုမျိုး စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ထားပေမယ့် ထူးခြားချက်အနေနဲ့ကတော့ အဆိုပါ စမတ်ဖုန်းတွေမှာ Qualcomm ရဲ့ Flagship Processor ဖြစ်တဲ့ Snapdragon 865 Chipset တွေကို အသုံးပြုထားခြင်းမရှိတာဖြစ်ပါတယ်။ အဲ့ဒီအစား Mid Range Chipset ဖြစ်တဲ့ Snapdragon 765G ကိုပဲ အသုံးပြုထားခဲ့တာဖြစ်ပါတယ်။

အခုလည်း South Korea Leaker တစ်ဦးဖြစ်တဲ့ Sleepy Kuma ရဲ့ ပြောကြားချက်အရ LG ဟာ လာမယ့်နှစ်မှာလည်း Snapdragon 875 လိုမျိုး Flagship Processor တွေကို အသုံးပြုမှာမဟုတ်သေးဘူးလို့ သိရပါတယ်။ ဒါက အနည်းဆုံး ၂၀၂၁ ပထမ နှစ်ဝက်အထိကတော့ မှန်ကန်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Snapdragon 875 Chipset ကို အသုံးမပြုတာက ဖြစ်နိုင်ခြေအနေနဲ့ Qualcomm က Flagship Processor စျေးတွေကို ပိုတိုးမြှင့်ပြီး ရောင်းချနေတာကြောင့်ဖြစ်နိုင်သလို LG အနေနဲ့လည်း အမြတ်ပိုမိုရရှိဖို့အတွက် Mid Range Processor တွေကိုပဲ အသုံးပြုပြီး ကျန်တဲ့ Design ပိုင်းအပါအဝင် တခြားသော Feature တွေကို အာရုံပိုစိုက်ချင်တာကြောင့်လည်းဖြစ်နိုင်ပါတယ်။

ယခုနှစ်မှာလည်း LG Velvet နာမည်နဲ့ ထွက်ရှိထားတဲ့ 5G စမတ်ဖုန်းအသစ်က ယခင် LG ဖုန်းတွေနဲ့ ယှဥ်ရင်အောင်မြင်မှုရရှိခဲ့ပြီး Dual Screen ဖုန်းဖြစ်တဲ့ LG Wing ကလည်း မတူညီတဲ့ Concept Design ကြောင့် စိတ်ဝင်စားမှုရရှိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီအတွက် LG အနေနဲ့ Processor ပိုင်းထက် Design ပိုင်းပိုပြီး ထူးခြားနေတဲ့စမတ်ဖုန်းတွေကို မိတ်ဆက်လာနိုင်ပါတယ်။

ဖြစ်နိုင်တာကတော့ လာမယ့်နှစ်မှာ LG စမတ်ဖုန်းတွေဟာ Qualcomm Snapdragon 775G Chipset ကို အသုံးပြုလာနိုင်ပြီး အဆိုပါ Chipset ဟာ 6nm Architecture ကို အခြေခံထားသလို Snapdragon 765G ထက် CPU ပိုင်းမှာ 40% နဲ့ GPU ပိုင်းမှာ 50% အထိ ပိုမိုမြန်ဆန်လာမှာဖြစ်ပါတယ်။

Ref – Phone Arena