LG ဟာ စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်ခြင်းမရှိတော့ပေမယ့် အခုအချိန်မှာတော့ Earbuds အသစ်တွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Earbuds တွေကတော့ လက်ရှိ ကုမ္ပဏီအတွက် အကောင်းဆုံး Flagship Earbuds လို့ ပြောနိုင်မယ့် Tone Free T90 Earbuds နဲ့ Tone Free Fit (TF8) Earbuds တွေဖြစ်ပါတယ်။

LG Tone Free T90 Earbuds ကတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းနေပြီးတော့ LG ရဲ့ Signature ပုံစံဖြစ်လာတဲ့ Bacteria တွေကို သတ်ပစ်နိုင်တဲ့ UVnano Charging Case ပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Charging Case ဟာ Bluetooth Transmitter အနေနဲ့ပါ အသုံးချနိုင်တာကြောင့် Bluetooth ပါဝင်ခြင်းမရှိတဲ့ Device တွေနဲ့ 3.5mm Audio ကြိုးချိတ်ပြီး ပုံမှန်အတိုင်း Earbuds တွေကို Wireless အနေနဲ့ အသုံးပြုနိုင်စေမှာပါ။

Audio ပိုင်းမှာလည်း LG ရဲ့ ပြောကြားချက်အရ ပိုမိုကောင်းမွန်တဲ့ Bass အသံကိုထုတ်ပေးနိုင်ဖို့အတွက် ပိုကြီးမားတဲ့ Driver တွေကို အသုံးပြုထားပြီး Dolby Head Tracking Feature ကိုပါ ထောက်ပံ့ပေးထားနိုင်မှာဖြစ်ပါတယ်။ LG ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး Dolby ကနေ Earbuds တွေအတွက် အထူးဒီဇိုင်းပြုလုပ်ထားတဲ့ Audio Virtualizer ကို T90 Earbuds က ပထမဆုံးအနေနဲ့ ထောက်ပံ့ထားတာဖြစ်ပါတယ်။

Dolby Head Tracking နည်းပညာဟာ အသုံးပြုသူရဲ့ ခေါင်းလှုပ်ရှားမှုအပေါ်လိုက်ပြိး အသံထွက်ကို အလိုအလျောက်ချိန်ညှိပေးနိုင်မှာဖြစ်ပြီး နားထောင်နေတဲ့ သီချင်း၊ ရုပ်ရှင်နဲ့ ဂိမ်းတွေမှာ အကောင်းဆုံးသော အသံထွက်ကို အမြဲတမ်းပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Head Tracking နည်းပညာဟာ Apple AirPods တွေနဲ့ Samsung ၊ Google လိုမျိုး ကုမ္ပဏီတွေရဲ့ Flagship Earbuds တွေမှာပဲ ပါဝင်သေးတာဖြစ်ပါတယ်။

LG Tone Free T90 Earbuds ဟာ Active Noise Cancellation (ANC) Feature လည်းပါဝင်မှာဖြစ်ပြီး Battery Life အနေနဲ့ အမြင့်ဆုံး ၉ နာရီအထိ ANC ပိတ်ပြီး အသုံးပြုနိုင်သလို Charging Case ကနေလည်း ၁၈ နာရီအထိ ပြန်လည်အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။

ကျန်တဲ့ Tone Free Fit (TF8) Earbuds ကတော့ Workout ပြုလုပ်မှုတွေအတွက် အဓိကရည်ရွယ်ထားပြီး IPX7 Water Resistance ပါဝင်မှာဖြစ်ပါတယ်။ အခုမိတ်ဆက်သွားတဲ့ Earbuds တွေရဲ့ စျေးနှုန်းကိုတော့ ကြေညာထားခြင်းမရှိပေမယ့် လာမယ့် စက်တင်ဘာလအတွင်းမှာ ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – The Verge