နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားတွေကို ဖန်တီးနေတဲ့ Lightyear က ဒုတိယမျိုးဆက် ကားကို ကြေညာလိုက်ပါတယ်။ Lightyear 2 လို့ နာမည်ပေးထားပြီး ဒေါ်လာ ၃၄,၀၀၀ သတ်မှတ်ထားကာ မြန်မာငွေ သိန်း ၆၀၀ လောက်တန်ကြေးရှိပါတယ်။

EV startup Lightyear One

ပထမမျိုးဆက် Lightyear 1 ကို ၂၀၁၉ ခုနှစ်က ကြေညာခဲ့ပြီး နေရောင်ခြည် စွမ်းအင်ကို အသုံးချထားတဲ့ လျှပ်စစ်ကားဖြစ်ပါတယ်။ ကားမှာ Solar Cell တွေ တပ်ဆင်ထားပြီး စွမ်းအင် ရရှိတဲ့ အခြေအနေအပေါ်မူတည်ကာ မိုင် ၄၅၀ သို့မဟုတ် ၇၂၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ Lightyear 1 ဟာ ပထမမျိုးဆက် ဖြစ်ပြီး နည်းပညာ ဆန်းသစ်တာကြောင့် ဈေးက မသေးပါဘူး။ ကနဦးဈေးဟာ ဒေါ်လာ ၁၇၀,၀၀၀ ရှိခဲ့ပြီး မြန်မာငွေ သိန်း ၃ ထောင်လောက်တောင် တန်ကြေးရှိခဲ့တာ ဖြစ်ပါတယ်။

ကုမ္ပဏီဟာဟာ  ၂၀၂၄/၂၀၂၅ ခုနှစ်မှာ Lightyear 2 ကို စတင် ထုတ်လုပ်ဖို့ စီစဉ်ထားပြီး LeasePlan က အဲဒီကား အစီးရေ ၅,၀၀၀ ကို ဝယ်ယူမယ်လို့ သဘောတူညီထားပါတယ်။

Lightyear က ဒုတိယမျိုးဆက် ကားရဲ့ သတင်းအချက်အလက်တွေကို များများစားစား မပြောသေးဘဲ ဥရောပနဲ့ မြောက်အမေရိကမှာ ရောင်းချဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ဒေါ်လာ ၃၄,၀၀၀ လောက် ရှိနိုင်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ကုမ္ပဏီက ကား ဒီဇိုင်းကို မပြောသေးပေမယ့် အရင်မျိုးဆက်ထက် ဒီဇိုင်း ပိုလှလာမှာ ဖြစ်သလို ဝေးဝေးပိုမောင်းနိုင်အောင် Solar Cell တွေ များများထည့်သွင်းထားနိုင်ပါတယ်။ အသေးစိတ်သတင်းအချက်အလက်တွေကို နောက်နှစ်မှာ ကြေညာနိုင်ပါတယ်။

Ref : electrek