စင်ကာပူ ရဲ့ အကြီးမားဆုံး ဘဏ် ဖြစ်တဲ့ DBS က နောက် ၃ နှစ်အတွင်း ဝန်ထမ်း ၄,၀၀၀ ကို ဖြုတ်ပြီး AI နဲ့ အစားထိုးမယ်လို့ ပြောပါတယ်။

DBS Layoffs | DBS to cut 4,000 temporary jobs over next 3 years; 1,000 new jobs to be added in AI: CEO | Company Business News

ဘဏ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က ယာယီ နဲ့ စာချုပ် ဝန်ထမ်းတွေကို အလုပ်ဖြုတ်မှာ ဖြစ်ပြီး အမြဲတမ်း ဝန်ထမ်းတွေကို မဖြုတ်ပါဘူးလို့ ပြောပါတယ်။ ဘဏ်ရဲ့ CEO Piyush Gupta က AI နဲ့ ပတ်သက်တဲ့ အလုပ်အသစ် ၁,၀၀၀ ကို ဖန်တီးပေးသွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီက စင်ကာပူမှာ ဝန်ထမ်း ဘယ်လောက်ကို အလုပ်ဖြုတ်မလဲ ဆိုတာ မပြောပါဘူး။ ပြောရေးဆိုခွင့်ရှိသူက နိုင်ငံ ၁၉ ခုက ယာယီနဲ့ စာချုပ် ဝန်ထမ်း ၄,၀၀၀ ကို ဖြုတ်မယ်လို့ ပြောပါတယ်။

Singapore's Biggest Bank CEO Gets 30% Variable Pay Cut on Digital Banking Outage - Bloomberg

DBS မှာ လက်ရှိမှာ ယာယီနဲ့ စာချုပ် ဝန်ထမ်း ၈,၀၀၀ နဲ့ ၉,၀၀၀ အကြားရှိပါတယ်။ ဝန်ထမ်း စုစုပေါင်း ၄၁,၀၀၀ ဝန်းကျင် ရှိပါတယ်။

Gupta က AI ကို ဖန်တီးနေတာ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီလို့ ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပါတယ်။

AI နည်းပညာဟာ အကျိုးကျေးဇူးများစွာ ရှိသလို စိုးရိမ်စရာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့အစည်း (IMF) က AI ကြောင့် တစ်ကမ္ဘာလုံးမှာ အလုပ်အကိုင် ၄၀ ရာခိုင်နှုန်းနီးပါး ထိခိုက်နိုင်တယ်လို့ ၂၀၂၄ ခုနှစ်က ပြောခဲ့ပါတယ်။

Ref: bbc