MediaTek ဟာ အခုနောက်ပိုင်း Chipset တွေကို အများအပြားထုတ်လုပ်ပြီး စျေးကွက်အတွင်းမှာ ဆက်တိုက်အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ အခုလည်း MediaTek ကနေ စမတ်ဖုန်းအတွက် Chipset တွေကို ထုတ်လုပ်နေတဲ့အပြင် Chromebook တွေအတွက်ပါ Chipset အသစ်တွေကို မိတ်ဆက်လိုက်ပါပြီ။
MediaTek ကနေ Chromebook တွေအတွက် မိတ်ဆက်လိုက်တဲ့ Chipset တွေကတော့ MediaTek Kompanio 520 နဲ့ Kompanio 528 ဖြစ်ပါတယ်။ အဆိုပါ Chipset တွေဟာ Chromebook တွေမှာ ပိုကောင်းမွန်တဲ့ Display ၊ Power Management ပိုင်းနဲ့ တခြားသော Feature တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။
MediaTek Kompanio 520 နဲ့ 528 Chipset တွေဟာ ARM Cortex-A76 Core တွေကို အဓိကအသုံးပြုထားပြီး စုစုပေါင်း 8-Core ပါဝင်မှာဖြစ်ပါတယ်။ Clock Speed အနေနဲ့ကတော့ Kompanio 520 ဟာ 2.0GHz ဖြစ်ပြီး Kompanio 528 ဟာ 2.2GHz ရှိမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Dual-core GPU အပြင် AI စွမ်းဆောင်ရည်ပိုင်းအတွက် Integrated APU ကိုလည်း ထည့်သွင်းပေးထားပါတယ်။
အဆိုပါ Chipset အသစ်တွေဟာ Display ပိုင်းမှာ Full HD+ Resolution ကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး နောက်ထပ် Full HD Resolution ရှိတဲ့ Secondary Display ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ RAM အနေနဲ့ LPDDR4x RAM နဲ့ Storage ပိုင်းမှာ eMMC 5.1 တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ 60fps FHD Video ရိုက်ကူးနိုင်မယ့် 32MP Camera ၊ HiFi-5 DSP ၊ Wi-Fi 6 တွေကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
MediaTek ရဲ့ပြောကြားချက်အရတော့ ယခု Chipset အသစ်တွေကို အသုံးပြုထားတဲ့ Chromebook တွေကို လာမယ့် ၂၀၂၃ ခုနှစ်အစောပိုင်းမှာ စတင်ထွက်ရှိလာမယ်လို့ သိရပါတယ်။
Ref – Gizmo China