လက်ရှိစမတ်ဖုန်းတွေအတွက် Mobile Processor တွေကို ထုတ်လုပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တဲ့ MediaTek ကနေ မကြာသေးခင်တုန်းက စွမ်းဆောင်ရည်အကောင်းဆုံး Processor တစ်ခုဖြစ်လာတဲ့ Dimensity 1000 Plus ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာ ကုမ္ပဏီတွေနဲ့ Executive တွေကနေ နောက်ပိုင်း MediaTek ကနေ ဆောင်ရွက်ဖို့ရှိနေတဲ့အစီအစဥ်တွေကိုပါ ပြောကြားသွားခဲ့ပါတယ်။

ဒါကတော့ နောက်လာမယ့်နှစ်အတွက် Flagship Processor ဖြစ်လာမယ့် Qualcomm Snapdragon 875 Chipset ကို ယှဥ်ပြိုင်နိုင်ဖို့ဖြစ်ပြီး MediaTek အနေနဲ့လည်း Snapdragon 875 ထွက်ရှိတဲ့အချိန်နဲ့ တစ်ပြိုင်နက်ထဲ စွမ်းဆောင်ရည်အရ ယှဥ်ပြိုင်နိုင်မယ့် Processor အသစ်ကိုပါ မိတ်ဆက်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Qualcomm ကနေ Mid Range 5G Chipset တွေကို စျေးလျော့ချပေးနေတဲ့အပေါ်မှာလည်း MediaTek အနေနဲ့ 5G ကို Support ပြုလုပ်တဲ့အပြင် Performance ပိုင်းမှာရော၊ Power စားသုံးမှုမှာပါ ပိုပြီးကောင်းမွန်တဲ့ Chipset အသစ်တွေမိတ်ဆက်သွားဖို့ရှိနေတယ်ဆိုပြီး ပြန်လည်ဖြေရှင်းခဲ့ပါသေးတယ်။

လောလောဆယ်မှာ MediaTek အနေနဲ့ Flagship Processor တွေမှာ Qualcomm Snapdragon Processor တွေနဲ့ မယှဥ်ပြိုင်နိုင်သေးပေမယ့် Mid Range ပိုင်းမှာတော့ Helio G Series Chipset တွေက တော်တော်လေးကို စွမ်းဆောင်ရည်ပိုင်းမှာ အားရဖို့ကောင်းနေပါတယ်။ အဲ့ဒါကြောင့် နောက်နှစ်မှာတော့ MediaTek ကနေ Snapdragon 875 ထက် ပိုကောင်းတဲ့ Flagship Processor ထုတ်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Gizmo China