ဒီနေ့ခေတ် စွမ်းရည်သင့် ဖုန်းတွေဟာ စွမ်းဆောင်ရည် ကောင်းရုံသာမက Resolution မြင့်မားတဲ့ ကင်မရာတွေ ပါလာပါတယ်။ အဲဒီ စွမ်းရည်သင့်နဲ့ စွမ်းရည်နိမ့် ဖုန်းအများစုမှာ ထည့်ထားတဲ့ Chip တွေက MediaTek ဆီက ဖြစ်ပါတယ်။ MediaTek ဟာ စွမ်းရည်မြင့် Chipset တချို့ကို ထုတ်လုပ်ပြီးနောက်မှာ အရင်နှစ်က နာမည်ကြီး Dimensity 920 ရဲ့ မျိုးဆက် Dimensity 1080 ကို ကြေညာလိုက်ပါတယ်။
MediaTek Dimensity 1080 ကို TSMC ရဲ့ 6nm Process နဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ 920 ကနေ 1080 ကို ခုန်တက်သွားပေမယ့် 1080 မှာ အရင်မျိုးဆက်ထက် တိုးတက်မှု များစွာ မပါလာပါဘူး။ 1080 မှာ 2.6GHz ARM Cortex-A78 Core ၂ လုံး ပါတဲ့ Octa-core CPU ၁ ခု ထည့်သွင်းထားပါတယ်။ 2GHz ARM Cortex-A55 Core ၆ လုံး တပ်ဆင်ထားပါတယ်။ Dimensity 1080 မှာ Dimensity 920 မှာလိုပဲ တူညီတဲ့ ARM Mali G68 MC4 GPU မောင်းနှင်ထားပါတယ်။
LPDDR5 Memory နဲ့ UFS 3.1 Storage ထောက်ပံ့ထားပါတယ်။ Dimensity 1080 မှာ 4K HDR Video Encoding နဲ့ ကင်မရာ ၄ လုံးကို ထောက်ပံ့ပြီး 200MP ဓါတ်ပုံတွေ ရိုက်ကူးနိုင်ပါတယ်။ 120Hz မျက်နှာပြင်၊ Bluetooth 5.2 နဲ့ WiFi 6 ကို အသုံးပြုလို့ရပါတယ်။ လက်ရှိ Trend အရ 200MP ကင်မရာတွေကို ၂၀၂၃ ခုနှစ်မှာ တန်ဖိုးနည်းနဲ့ စွမ်းရည်သင့် ဖုန်းတွေမှာ ထည့်သွင်းလာကြမှာပါ။
MediaTek က Dimensity 1080 5G SoC ပါတဲ့ ဖုန်းတွေဟာ ၂၀၂၂ ခုနှစ် ကွာတား ၄ ဖြစ်တဲ့ အောက်တိုဘာလနဲ့ ဒီဇင်ဘာလအတွင်း ထွက်လာမယ်လို့ ပြောပါတယ်။ MediaTek က Dimensity 1080 နဲ့ 920 အကြားမှာ တူညီမှုများစွာ ရှိပေမယ့် အကြီးမားဆုံး ပြောင်းလဲမှုက စွမ်းရည်သင့် ဖုန်းတွေအတွက် ကောင်းမယ့် Clock Speed တိုးတက်လာတာပါလို့ ပြောပါတယ်။ Samsung ကတောင် Galaxy M53 5G မှာလို တချို့ ဖုန်းတွေမှာ Dimensity 1080 ကို သုံးလာနိုင်ပါတယ်။
Ref : sammobile