MediaTek ဟာ လာမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ Dimensity Series Chipset အသစ်တွေကို မိတ်ဆက်သွားဖို့ရှိတယ်ဆိုပြီး ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Event မှာ မိတ်ဆက်လာမယ့် MediaTek ရဲ့ Flagship Chipset အသစ်အကြောင်းကို သတင်းတွေပေါက်ကြားလာပြီဖြစ်ပါတယ်။

MediaTek ရဲ့ Flagship Chipset အသစ်ဟာ နာမည်အနေနဲ့ Dimensity 1200 လို့ ခေါ်ဆိုသွားမှာဖြစ်ပြီး Dimensity Series Chipset တွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်လာမှာပါ။ Architecture အနေနဲ့ကတော့ တခြားသော Apple ၊ Huawei ၊ Qualcomm နဲ့ Samsung လိုမျိုး 5nm Architecture အစား 6nm ကိုပဲ အခြေခံထားမယ်လို့ သိရပါတယ်။

နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရတော့ MediaTek Dimensity 1200 Chipset ဟာ Qualcomm Snapdragon 865 ထက် စွမ်းဆောင်ရည်ပိုင်းမှာ ပိုပြီးသာလွန်နေမှာဖြစ်ပါတယ်။ ဒါကလည်း Dimensity 1200 Chipset ရဲ့ အမြင့်ဆုံး Clock Speed ဟာ 3GHz အထိရှိနေတာကြောင့်ဖြစ်ပြီး Snapdragon 865 Chipset ရဲ့ အမြင့်ဆုံး Clock Speed က 2.84GHz ပဲ ရှိနေတာကြောင့်ဖြစ်တယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ တခြားသော Flagship Chipset တွေလိုမျိုးပဲ 5G Modem ကိုလည်း Chipset မှာပဲ Integrated အနေနဲ့ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ Camera Processing ပိုင်းဖြစ်တဲ့ ISP ပိုင်းမှာလည်း အဆင့်မြှင့်တင်မှုတွေအများအပြားပြုလုပ်ခဲ့တဲ့အတွက် ယခင် Dimensity Chipset အသုံးပြုထားတဲ့ဖုန်းတွေထက် Camera ပိုင်းမှာ စွမ်းဆောင်ရည် သိသိသာသာပိုကောင်းလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဆိုပါ MediaTek Dimensity 1200 Chipset နဲ့ စမတ်ဖုန်းတွေကိုတော့ Vivo ၊ OPPO ၊ realme ၊ iQOO လိုမျိုး ကုမ္ပဏီတွေအပြင် Huawei နဲ့ Honor စမတ်ဖုန်းတွေမှာပါ မြင်တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China