Meizu ဟာ မကြာခင်ထွက်လာတော့မယ့် သူတို့ရဲ့ Tier အမြင့်စားစမတ်ဖုန်း Meizu 17 နဲ့ပတ်သက်တဲ့ Teaser တွေကို ခပ်စိတ်စိတ်တင်လာပြီး ယနေ့မှာတော့ ကုမ္ပဏီရဲ့ တရားဝင် Weibo စာမျက်နှာမှာ Meizu 17 မှာပါဝင်လာမယ့် ဘက္ထရီအရွယ်အစားနဲ့ အားသွင်းစနစ်တို့ပါဝင်တဲ့ ပိုစတာတစ်ခုကို ထပ်တင်ခဲ့ပါတယ်။

သူတို့ရဲ့ဖော်ပြချက်အရ Meizu 17 မှာ 4,500mAh ဘက္ထရီကြီးနဲ့အတူ 30W mCharge အားသွင်းနည်းပညာသစ်ကို မြင်ရမှာဖြစ်ပါတယ်။ ဒီအချက်အလက်ဟာ ရှေ့ရက်ကလည်း တရုတ်ပြည်တွင်း အတည်ပြုချက်တစ်ခုမှာ ပါလာခဲ့ပေမယ့် အခုတစ်ခါ ကုမ္ပဏီက တရားဝင်အတည်ပြုခဲ့တာပါ။

Meizu 17 မှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ UFS 3.1 Storage နည်းပညာသစ်တို့ ပါဝင်လာမယ်ဆိုတာလည်း ကုမ္ပဏီက အတည်ပြုထားခဲ့ပြီးပါပြီ။ အခြား Teaser တစ်ခုမှာ နောက်ဘက်က Quad-camera ကိုမြင်ခဲ့ရပေမယ့် ဘာ Sensor တွေပါမယ်ဆိုတာတော့ မဖော်ပြထားပါဘူး။

Meizu 17 မှာ 90Hz Refresh Rate နဲ့ Display တစ်ခုလည်းပါဝင်မှာဖြစ်ပြီး လာမယ့်မေလ ၈ ရက်နေ့မှာ မိတ်ဆက်လာရင်တော့ သူ့မှာပါတဲ့ Feature တွေကို အကုန်သိရဖို့ မျှော်လင့်ပါတယ်။

Ref – GSM Arena