Meizu က တရုတ်မှာ စွမ်းရည်မြင့် Meizu 21 ကို ကြေညာလိုက်ပြီး Snapdragon 8 Gen 3 Chipset , 200MP Main ကင်မရာနဲ့ 80W Fast Charging ပါပါတယ်။

Meizu 21 color options

Meizu 21 မှာ 6.55” AMOLED FHD+ မျက်နှာပြင်နဲ့ 120Hz Refresh Rate ထည့်သွင်းထားပါတယ်။ Auto Mode မှာ 1,100 Nits Peak Brightness ထောက်ပံ့ထားပြီး Black, Purple, Green နဲ့ White အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Meizu 21 display specs

Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage အထိ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 200MP Main , 13MP Ultrawide , 5MP Portrait ကင်မရာတွေ တပ်ဆင်ထားပါတယ်။ IP54 စံနှုန်း ထည့်သွင်းထားပြီး 80W Fast Charging ထောက်ပံ့တဲ့ 4,800mAh Battery ပါပါတယ်။

Meizu 21 မှာ Android 13 အခြေပြု FlymeOS 10.5 မောင်းနှင်ထားပြီး In-car Infotainment System ဖြစ်တဲ့ Flyme Auto ပါပါတယ်။ Meizu က ၂၀၂၄ ခုနှစ် ကွာတား ၁ မှာ Meizu DreamCar MX ကားကို ရောင်းမယ်လို့ ကြေညာထားပါတယ်။

Meizu 21 announced with Snapdragon 8 Gen 3, 200MP main cam and FlymeOS 10.5

Meizu 21 ရဲ့ 8/256GB ကို တရုတ်မှာ ၃,၃၉၉ ယွမ် (၄၈၀ ဒေါ်လာ)နဲ့ 12/512GB ကို ၃,၉၉၉ ယွမ် (၅၆၅ ဒေါ်လာ) သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၅ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena