Meizu က ဒီနှစ် အစောပိုင်းမှာ စမတ်ဖုန်းလုပ်ငန်းက နားတော့မှာ ဖြစ်ပြီး AI မှာ ရင်းနှီးမြှပ်နှံမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူပြောတဲ့အတိုင်း မလုပ်သေးဘဲ Meizu 21 Series ဖုန်းတွေကို ဆက်လက်ထုတ်လုပ်နေပါတယ်။ အခုနောက်ဆုံးထွက်လာတာက Meizu 21 Note ဖြစ်ပါတယ်။

Meizu 21 Note

Meizu 21 Note မှာ 6.78” 8T LTPO OLED FHD+ Display တပ်ဆင်ထားပြီး 1-144Hz Refresh Rate နဲ့ 5,000 Nits Peak Brightness က တော်တော်မိုက်ပါတယ်။ 16MP အရှေ့ကင်မရာ ပါလာပြီး Display အောက်မှာ Ultrasonic Fingerprint Scanner ထည့်ထားပါတယ်။

Meizu 21 Note announced with SD 8 Gen 2 and Flyme AIOS

Chipset က Snapdragon 8 Gen 2 ပါ။ အနောက်ဘက်မှာ 50MP Main (OIS) နဲ့ 13MP Ultrawide ကင်မရာ တပ်ထားပါတယ်။ Real-time Translation လို AI စွမ်းရည်တွေ ပါတဲ့ Flyme AIOS မောင်းနှင်ထားပါတယ်။ Meizu ရဲ့ AI မှာ Circle to Search ပါလာပြီး စာသားတွေကို အကျဉ်းချုပ် ပြသပေးတဲ့ Feature ပါပါတယ်။ အသံဖိုင်တွေကို စာသားအဖြစ်  ပြောင်းပေးနိုင်ပါတယ်။ 65W Charging ထောက်ပံ့တဲ့ 5,500mAh Battery နဲ့ IP65 စံနှုန်းပါပါတယ်။

Meizu 21 Note အတွက် Black နဲ့ White အရောင် ထုတ်လုပ်ထားပါတယ်။ 16/256GB ကို ၃၆၀ ဒေါ်လာနဲ့ 512GB Storage Version ကို ၃၈၈ ဒေါ်လာ သတ်မှတ်ထားပြီး တရုတ်မှာ ဒီလ ၂၀ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena