ဒီနေ့မှာ Meizu က မကြာခင်ထွက်ရှိလာမယ့် Meizu 22 ဖုန်းအသစ်အတွက် teaser တွေ စတင်ထုတ်ပြခဲ့ပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ ဒီဖုန်းဟာ ကမ္ဘာ့အပါးလွှာဆုံး မျက်နှာပြင်ဘေးဘောင်တွေနဲ့ ထွက်ရှိလာမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Meizu 22 official teaser image

ဖုန်းရဲ့ မျက်နှာပြင်ဘေးဘောင် လေးဘက်လုံးက အရွယ်အစား တူညီကြမှာဖြစ်ပြီး တစ်ဘက်စီက 1.2mm သာ ရှိမယ်လို့ ဆိုပါတယ်။ ဒီအချက်ကိုတော့ ကျွန်တော်တို့အနေနဲ့ သီးခြားအတည်ပြုပေးလို့မရပါဘူး၊ ဘာလို့လဲဆိုတော့ ဈေးကွက်ထဲက ဖုန်းတိုင်းရဲ့ ဘေးဘောင်တွေကို လိုက်တိုင်းတာလေ့ မရှိလို့ပါပဲ။ ဘေးဘောင်အပါးလွှာဆုံးဖြစ်ရေး ပြိုင်ဆိုင်မှု (bezel war) တွေက ဘယ်တော့များမှ အဆုံးသတ်သွားမလဲလို့ တွေးမိပါတယ်။ တကယ်လို့ တခြားကုမ္ပဏီတစ်ခုက 1.1mm ဘေးဘောင်နဲ့ ဖုန်းထုတ်လာရင်တောင် အဲဒီဖုန်းနဲ့ ဒီ 1.2mm ဘေးဘောင်ကြားက ကွာခြားချက်ကို ဘယ်သူကများ တကယ်သတိထားမိမှာလဲ။ သတိထားမိမှာ မဟုတ်လောက်ပါဘူး။

Meizu 22 series may launch next year with Snapdragon 8 Elite and a  dedicated AI button - Gizmochina

ဘာပဲဖြစ်ဖြစ်၊ Meizu 22 မှာ တကယ်ကို ပါးလွှာတဲ့ ဘေးဘောင်တွေပါတဲ့ မျက်နှာပြင်တစ်ခု ပါဝင်လာမှာကတော့ သေချာပါတယ်။ ကုမ္ပဏီက ဒီဖုန်းကို မျက်နှာပြင်သေးတဲ့ flagship ဖုန်းအဖြစ် ကြေညာထားပြီး “နွေရာသီအလယ်” မှာ တရားဝင်မိတ်ဆက်မယ်လို့ ဆိုထားပါတယ် (အဲဒါက ဘယ်အချိန်ကို ဆိုလိုတယ်ဆိုတာတော့ မရှင်းလင်းပါဘူး)။ ဒီဖုန်းရဲ့ အကျယ်က 71mm ရှိမှာဖြစ်ပြီး ကင်မရာစနစ်ကောင်းတစ်ခုလည်း ပါဝင်လာဖွယ်ရှိပါတယ်။

အရင်ထွက်ပေါ်ခဲ့တဲ့ ကောလာဟလတွေအရ ဒီဖုန်းမှာ 5,500 mAh ဘက်ထရီ၊ periscope telephoto ကင်မရာနဲ့အတူ အဓိက chip အဖြစ် Snapdragon 8 Elite SoC တို့ ပါဝင်လာမယ်လို့ သိရပါတယ်။

Ref : gsmarena