Meizu က တရုတ်မှာ စွမ်းရည်သင့် Note 16 နဲ့ Note 16 Pro ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ Android 15 အခြေပြု နောက်ဆုံးထုတ် Flyme AIOS 2 ပါလာပြီး ဈေးနှုန်းချိုသာပါတယ်။

Meizu Note 16 Pro

Note 16 Pro ဟာ ဖုန်း ၂ လုံးထဲမှာ စွမ်းရည်ပိုကောင်းပါတယ်။ 6.78” AMOLED FHD+ Display , 144Hz Refresh Rate ထည့်သွင်းထားပြီး 1,600 Nits Peak Brightness ပါပါတယ်။ 8MP အရှေ့ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။

Meizu Note 16 Pro

IP66/68 ရေစိုခံစံနှုန်း ပါလာပြီး Snapdragon 7s Gen 3 ထည့်ထားပါတယ်။ 16GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 8MP Ultrawide ကင်မရာ ၂ လုံး တပ်ထားပါတယ်။

အရွယ်ကြီး 6,200mAh Battery နဲ့ 80W Wired Charging ပါလာပြီး Cloud White, Light Blue နဲ့ Star Gray အရောင်တွေ ထုတ်လုပ်ထားပါတယ်။

8/256GB ကို ၂၀၈ ဒေါ်လာနဲ့ 16/512GB ကို ၂၉၁ ဒေါ်လာ သတ်မှတ်ထားပြီး မေလ ၁၆ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။

 

Meizu Note 16

Note 16 မှာ 6.78” IPS LCD FHD+ Display ပါလာပြီး 120Hz Refresh Rate, 1050 Nits Peak Brightness ထည့်သွင်းထားပါတယ်။ IP65 ရေစိုခံစံနှုန်း ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာနဲ့ နားကြပ်ပေါက် ထည့်သွင်းထားပါတယ်။

Meizu Note 16 series debuts with FlymeAIOS 2 and big batteries

Unisoc T8200 Chip သုံးထားပြီး 12GB RAM နဲ့ 256GB Storage အထိ ထည့်သွင်းထားပါတယ်။ အနောက်ဘက်မှာ 50MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး တပ်ထားပါတယ်။ ပိုကြီးတဲ့ 6,600mAh Battery နဲ့ 40W Charging ပါလာပါတယ်။

8/128GB ကို ၁၁၁ ဒေါ်လာနဲ့ 8/256GB ကို ၁၃၈ ဒေါ်လာ သတ်မှတ်ထားပြီး မေလ ၁၆ ရက်နေ့ တရုတ်မှာ ရောင်းချမှာပါ။

Ref : gsmarena