Meta ဟာ La Jolla လို့ လျှို့ဝှက်အမည်ပေးထားတဲ့ Apple Vision Pro ပြိုင်ဖက်ကို တီထွင်မှု ရပ်နားလိုက်တယ်လို့ သတင်းထွက်လာပါတယ်။ Meta ဟာ ဒီစီမံကိန်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက စတင်ခဲ့ပြီး ၂၀၂၇ ခုနှစ်ထဲမှာ ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။

Meta cancels its Apple Vision Pro competitor

အခုတော့ အဲဒီစီမံကိန်းကို ရပ်နားလိုက်ပါပြီ။ ဒီလို ရပ်နားလိုက်ရတဲ့အကြောင်းအရင်းက အဲဒီ Headset မှာ ဈေးနှုန်း အလွန်ကြီးတဲ့ MicroOLED Display ကို အသုံးပြုထားတာကြောင့် ဖြစ်ပြီး Meta ရည်မှန်းထားတဲ့ ဒေါ်လာ ၁,၀၀၀ အောက်ထက် ကုန်ကျစားရိတ် ပိုများနေလို့ ဖြစ်ပါတယ်။

Apple Sets U.S. Ship Date for Vision Pro, Priced at $3,500

La Jolla Headset ကို ရပ်နားလိုက်တာနဲ့  ပတ်သက်ပြီး Meta CTO Andrew Bosworth က “ ကျွန်တော်တို့ နမူနာမော်ဒယ်များစွာကို ဖန်တီးခဲ့ပါတယ်။ ဒါပေမယ့် အားလုံးကို မထုတ်လုပ်နိုင်ခဲ့ပါဘူး။ တချို့ မော်ဒယ်တွေကို  ဆက်လက် ဖန်တီးမှာ ဖြစ်ပြီး တချို့တွေကိုတော့ ရပ်နားလိုက်ပါတယ်။ “ လို့ ပြောပါတယ်။

Meta ဟာ စွမ်းရည်မြင့် Headset ကို ရပ်နားလိုက်ပေမယ့် Ventura လို့ လျှို့ဝှက်အမည်ပေးထားတဲ့ ဈေးနှုန်းချိုသာတဲ့ Quest မော်ဒယ်ကို ဆက်လက် ဖန်တီးနေပါတယ်။ အဲဒီ Headset ကို ဒီနှစ်မကုန်ခင်မှာ ကြေညာနိုင်ပါတယ်။ Meta ဟာ နောက်လမှာ AR Glasses အသစ်ကို ပြသနိုင်ပြီး ၂၀၂၆ ခုနှစ်မှာ Quest 4 ကို ကြေညာနိုင်ပါတယ်။

Ref : gsmarena