Meta စီအီးအို မတ်ခ်ဇူကာဘတ်ဟာ မီယာမီမှာရှိတဲ့ Indian Creek Island မှာ ဒေါ်လာ သန်း ၁၇၀ တန် ရေစပ်က အိမ်ကြီးတစ်လုံးကို ဝယ်ယူလိုက်ပါတယ်။ အဲဒီနေရာဟာ သီးသန့်လုံခြုံရေးအပြည့်ရှိပြီး “ဘီလီယံနာတွေရဲ့ ဘန်ကာ” လို့ အများက ခေါ်ဝေါ်ကြပါတယ်။
![]()
ဧရိယာ နှစ်ဧကခန့်ရှိတဲ့ အဲဒီအိမ်ရာဟာ လုံခြုံရေးအလွန်တင်းကျပ်တဲ့ ကျွန်းပေါ်မှာ တည်ရှိပြီး အမေဇုန် တည်ထောင်သူ ဂျက်ဖ်ဘီဇို့စ်နဲ့ အခြားနာမည်ကြီး ပုဂ္ဂိုလ်တွေလည်း အိမ်ရာတွေ ပိုင်ဆိုင်ထားကြပါတယ်။
အဲဒီအိမ်ကြီးဟာ စတုရန်းပေ ၃၀,၀၀၀ ခန့် ကျယ်ဝန်းပြီး ဗိသုကာနဲ့ ဒီဇိုင်နာ ဖာရစ် ရာဖော်လီက ဒီဇိုင်းဆွဲပေးထားတာ ဖြစ်ပါတယ်။
အဲဒီအိမ်မှာ ဂျက်ဇ်တေးဂီတနားဆင်နိုင်တဲ့ အခန်း၊ လျှို့ဝှက်စာကြည့်တိုက်လမ်းကြောင်း၊ ဂါလန် ၁,၅၀၀ ဆံ့တဲ့ ငါးကန်၊ စပါးအပန်းဖြေခန်း၊ ပေ ၆၀ ရှည်တဲ့ ရေကူးကန်နဲ့ ၁၃၅ ပေ ရှည်တဲ့ လှေဆိပ်တို့ ပါဝင်ပါတယ်။
အခုလို ဝယ်ယူမှုဟာ Miami-Dade ကောင်တီမှာ လူနေအိမ်ရောင်းချမှုသမိုင်းတစ်လျှောက် ဈေးအကြီးဆုံး စံချိန်သစ်တင်လိုက်တာဖြစ်ပြီး ယခင်စံချိန်ဟောင်းဖြစ်တဲ့ ဒေါ်လာ သန်း ၁၂၀ ကို ကျော်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
Ref : Fossbytes
