Meta Platforms က AI အတွက် ၂၀၂၅ ခုနှစ်မှာ ဒေါ်လာ ၆၅ ဘီလီယမ် ရင်းနှီးမြှပ်နှံဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒါဟာ ၂၀၂၄ ခုနှစ်ရဲ့ ဒေါ်လာ ၃၈-၄၀ ဘီလီယမ် သုံးစွဲမှုထက် ပိုများလာတာ ဖြစ်ပါတယ်။

How to Use Meta AI WhatsApp for Business Messaging | Medium

CEO Mark Zuckerberg က Meta ဟာ AI ပြိုင်ပွဲမှာ အားကောင်းအောင် ရည်ရွယ်ထားပြီး OpenAI နဲ့ Google ကို ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။ စီမံကိန်းထဲမှာ 1 Gigawatt Computing Power နဲ့ GPU Chip ၁.၃ သန်း ပါတဲ့ ကြီးမားတဲ့ ဒေတာ စင်တာ တည်ဆောက်ဖို့ ပါဝင်ပါတယ်။

Meta is building an AI model to rival OpenAI's most powerful system

Meta ဟာ Llama 4 Language Model ကို ဖြန့်ချိဖို့ စီစဉ်နေပြီး ဒီနှစ်ကုန်မှာ သုံးစွဲသူ ၁ ဘီလီယမ်ကျော် ရှိလာမယ်လို့ မျှော်မှန်းထားပါတယ်။ Meta ရဲ့ စတော့ရှယ်ယာဈေးတွေဟာ မြင့်တက်လာနေပြီး ရင်းနှီးမြှပ်နှံသူတွေဟာ ကုမ္ပဏီရဲ့ AI မှာ ရင်းနှီးမြှပ်နှံမယ့် နည်းဗျူဟာကို ယုံကြည်မှု ရှိနေတယ်ဆိုတာ သက်သေပြသနေပါတယ်။

AI ဟာ ၂၀၂၄ ခုနှစ်မှာ ရေပန်း အစားဆုံး နည်းပညာ ဖြစ်လာခဲ့ပြီး ၂၀၂၅ ခုနှစ်မှာလည်း အပြိုင်အဆိုင် တိုးတက်လာဦးမယ်လို့ ထင်ရပါတယ်။

Ref : Tech Explorers