အမေရိကန်သမ္ပတဟောင်းဖြစ်တဲ့ Donald Trump ဟာ ယခင်တုန်းက Social Media စာမျက်နှာတွေမှာ မှားယွင်းတဲ့သတင်းတွေအပြင် ဝါဒဖြန့်မှုတွေကို ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒါကြောင့် Twitter ၊ Facebook နဲ့ Instagram လိုမျိုး Social Media တွေက Donald Trump ကို အသုံးပြုနိုင်ခြင်းမရှိအောင် ပိတ်ချခဲ့ပါတယ်။

ဒါကြောင့် နောက်ပိုင်းမှာ Donald Trump ဟာ ကိုယ်ပိုင် Social Media Platform တစ်ခုဖြစ်တဲ့ Truth Social ကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ Meta ကုမ္ပဏီကနေ Donald Trump ရဲ့ Facebook နဲ့ Instagram Account တွေကို ပြန်ပြီးဖွင့်ပေးလိုက်ပြီဆိုပြီး ပြောကြားခဲ့ပါတယ်။

Donald Trump account on Facebook displayed on a phone screen and Facebook logo displayed on a screen in the background are seen in this illustration photo taken in Krakow, Poland on January 26, 2023. (Photo by Jakub Porzycki/NurPhoto)

အခုလိုမျိုး ပြန်ပြီးဖွင့်ပေးလိုက်တာက လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက Meta ဟာ Donald Trump ရဲ့ Account တွေကို ၂ နှစ်ခန့် Suspend ပြုလုပ်ဖို့ ဆုံးဖြတ်ချက်ကြောင့်ဖြစ်ပြီး အခုအချိန်မှာ အချိန်ပြည့်သွားတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ Account တွေကို ပြန်ပြီးဖွင့်ပေးလိုက်ပေမယ့် Donald Trump ကို Account မှာ Offensive ဖြစ်တဲ့ Post တွေတင်မှုကို ထိန်းသိမ်းနိုင်ဖို့အတွက် ဆက်လက်စောင့်ကြည့်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Facebook နဲ့ Instagram က Donald Trump ကို ပြန်ပြီးဖွင့်ပေးလိုက်သလို အစောပိုင်းတုန်းကလည်း Twitter ကနေ Donald Trump ရဲ့ account ကို ပြန်ပြီး ဖွင့်ပေးခဲ့ပါသေးတယ်။

Ref – Engadget