Facebook (Meta) ကနေ Metaverse လို့ နာမည်ပေးထားတဲ့ Virtual Reality Platform တစ်ခုကို ဖန်တီးထားပြီးဖြစ်ပါတယ်။ ဒီအတွက် အဓိကအနေနဲ့ Oculus Platform ကို အခြေခံပြီး အသုံးပြုနေတာဖြစ်ပါတယ်။

အခုလည်း Meta ကနေ Oculus Quest Headset ကို အသုံးပြုပြီး Social VR Platform ဖြစ်တဲ့ Horizon Worlds ကို အသုံးပြုသူတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းကထက် ၁၀ ဆ ပိုပြီး များပြားလာတယ်လို့သိရပါတယ်။ အခုသတင်းကို Meta ရဲ့ Chief Product Officer ဖြစ်တဲ့ Chris Fox ကိုယ်တိုင်က ပြောကြားခဲ့တာဖြစ်ပါတယ်။

Meta ဟာ Horizon Worlds ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက US နဲ့ Canada နိုင်ငံတွေမှာ စတင်ပြီးတော့ မိတ်ဆက်ခဲ့တာဖြစ်ပြီး အခုဆိုရင် အသုံးပြုသူပေါင်း ၃၀၀,၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ အဆိုပါ အသုံးပြုသူတွေဟာ တူညီတဲ့ Mechanics ကိုအသုံးပြုထားတဲ့ Horizon Worlds နဲ့ Horizon Venues App တွေ အသုံးပြုမှုကို စစ်တမ်းရယူထားတာဖြစ်ပြီး VR Conferencing App တစ်ခုဖြစ်တဲ့ Horizon Workrooms ကို အသုံးပြုသူတွေကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။

အဆိုပါ Horizon Worlds ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တည်းက Facebook Horizon နာမည်နဲ့ ရှိနေခဲ့တာဖြစ်ပြီး နောက်ပိုင်းမှ Beta အနေနဲ့ အသုံးပြုနိုင်ခဲ့တာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ ကိုယ်ပိုင် Avatar တွေကို ဖန်တီးနိုင်ပြီး ကိုယ်ပိုင် Custom World တွေကိုလည်း ဖန်တီးနိုင်ပါတယ်။ Meta ကနေ ပြီးခဲ့တဲ့ရက်သတ္တပါတ်တုန်းက ကြေညာချက်အရတော့ World အရေအတွက် ၁၀,၀၀၀ ကျော် တည်ဆောက်ဖန်တီးထားပြီးပြီလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ ယခု Metaverse ဟာ အသုံးပြုနိုင်တဲ့သူတွေ ပိုပြီးများပြားလာတာနဲ့အတူ ပိုပြီး အောင်မြင်လာမှာဖြစ်ပါတယ်။

Ref – Engadget