Huawei ရဲ့ Sub Brand တစ်ခုဖြစ်တဲ့ Honor ကနေ အခုနောက်ပိုင်းမှာ ရောင်းအားကောင်းလာပြီးတော့ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့အတွက် နာမည်ရလာတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Honor 10 လိုမျိုး စမတ်ဖုန်းနဲ့ Honor Note 10 လိုဖုန်းတွေဆိုရင် သိသိသာသာကို ပေးရတဲ့ဈေးထက် ပြန်ရတဲ့စွမ်းဆောင်ရည်ပိုများတဲ့ ဖုန်းတွေလို့တောင်ပြောလို့ရပါတယ်။
အခုအချိန်မှာလည်း Honor ကနေ စမတ်ဖုန်းအသစ်တစ်မျိုးကို ထုတ်လုပ်သွားမယ်လို့ သိရပြီး အခုအချိန်မှာ Honor ကနေ အဆိုပါ စမတ်ဖုန်းသစ်ဖြစ်တဲ့ Honor 8X ဖုန်းကို ထုတ်လုပ်မယ့်အချိန်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ထူးခြားချက်တစ်ခုအနေနနဲ့ကတော့ Honor 8X ဖုန်းအပြင် Honor 8X Max ဖုန်းကိုပါ ထုတ်လုပ်လာမှာဖြစ်ပါတယ်။
လက်ရှိသိထားရတဲ့သတင်းတွေအရတော့ Honor 8X ဟာ ပြီးခဲ့တဲ့နှစ်က အောင်မြင်ခဲ့တဲ့ Honor 7X ကို အစားထိုးလာမှာဖြစ်ပြီးတော့ Honor 8X Max ကတော့ Xiaomi Mi Max 3 စမတ်ဖုန်းကို အဓိကပြိုင်ဆိုင်မယ့် စမတ်ဖုန်းတစ်ခုဖြစ်လာမှာပါ။ အခု Honor 8X Max ဖုန်းဟာဆိုရင် အလွန်ကြီးမားတဲ့ 7.12″ Display ကို တပ်ဆင်ထားမှာဖြစ်ပြီး Full Screen Display အမျိုးအစားနဲ့ အလွန်သေးငယ်တဲ့ Display Notch ကို တပ်ဆင်ထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
Honor 8X ရော၊ Honor 8X Max ဖုန်း ၂ မျိုးစလုံးက Huawei ကနေ အသစ်ထုတ်လုပ်ထားတဲ့ Kirin 710 Processor နဲ့ ပွဲထွက်လာမှာဖြစ်ပြီးတော့ Gaming Performance ကို ပိုပြီးတိုးတက်လာစေမယ့် GPU Turbo စနစ်လည်းပါဝင်လာမယ်လို့ သိရပါတယ်။
ဘာပဲဖြစ်ဖြစ် Mi Max 3 ထက်ပိုပြီး ကောင်းတဲ့ပြိုင်ဘက်ဖုန်းတစ်ခုရှိလာမလားဆိုတာကတော့ စောင့်ကြည့်ရတော့မှာပါ။