Apple ကနေ iPad တွေအတွက် Mouse နဲ့ Trackpad Support ကို iPadOS 13 Update နဲ့အတူ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ Apple ကိုယ်တိုင်ကလည်း လက်ရှိအချိန်မှာ Trackpad ပါဝင်တဲ့ Magic Keyboard တွေကို iPad Pro နဲ့ iPad Air (2020) အတွက် ထုတ်ပေးထားပါသေးတယ်။

ဒီလိုမျိုး iPad တွေဟာ Laptop တစ်လုံးလိုမျိုး ပိုပြီးအသုံးပြုနိုင်အောင် ပြုလုပ်ပေးထားပေမယ့်လည်း တခြားသော Third-party Software တွေက Mouse နဲ့ Trackpad ကို Support ပြုလုပ်တာနည်းပါးနေပါတယ်။ အခုနောက်ဆုံးသိရတဲ့သတင်းအရ Microsoft ကနေ iPadOS အတွက် Office Application တွေမှာ Mouse နဲ့ Trackpad Support ကို အခုမှ Software Update နဲ့ ထုတ်ပေးထားတာဖြစ်ပါတယ်။

လောလောဆယ်မှာ အဆိုပါ Update ဟာ ထုတ်ပေးနေတုန်းဖြစ်တဲ့အတွက် အသုံးပြုသူတွေအနေနဲ့ နောက်ရက်သတ္တပတ်အနည်းငယ်ကြာမှပဲ ရရှိသွားဖွယ်ရှိနေပါတယ်။ အခု Mouse နဲ့ Trackpad Support ဟာ Word ၊ Excel နဲ့ PowerPoint Application တွေအတွက်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘာပဲဖြစ်ဖြစ် iPad ကို Laptop တစ်လုံးအနေနဲ့ အသုံးပြုနေပြီး Microsoft Office Application တွေကိုလည်း အသုံးပြုနေရတယ်ဆိုရင် ယခု Update က သတင်းကောင်းဖြစ်မှာပါ။ Microsoft အနေနဲ့လည်း နောက်ထပ် Multiple Document Support ၊ Powerful ပိုဖြစ်တဲ့ Contextual Menu နဲ့ Cloud File တွေအတွက် Offline File Support ရရှိအောင် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – Engadget