Microsoft ကနေ လာမယ့် အောက်တိုဘာလအတွင်းမှာ Event အသစ်တစ်ခုကို ကျင်းပသွားမယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Event ကိုတော့ Microsoft Fall Event 2022 လို့ နာမည်ပေးထားပြီး နှစ်စဥ်မိတ်ဆက်နေကျဖြစ်တဲ့ Surface Product အသစ်တွေကို မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Microsoft ကနေ တရားဝင်ထုတ်ပြန်လိုက်တဲ့ Event Invite ဓါတ်ပုံမှာတော့ ပုံမှန် Wallpaper Design ကိုပဲ “Save the date” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုမျိုး Surface Device အသစ်တွေကို မိတ်ဆက်သွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

ဖြစ်နိုင်ခြေများနေတာကတော့ Microsoft ရဲ့ Tablet နဲ့ Laptop တွေဖြစ်တဲ့ Surface Pro 9 နဲ့ Surface Laptop 5 တွေကို မိတ်ဆက်သွားနိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Surface Pro X Series အစား Surface Pro 9 ကိုပဲ Intel နဲ့ AMD Processor တွေအစား Arm နည်းပညာသုံးထားတဲ့ Qualcomm Processor အသုံးပြုထားတဲ့ Version ကိုပါ ထပ်မံမိတ်ဆက်သွားမယ်လို့ သတင်းတွေထွက်ရှိထားပါသေးတယ်။

Surface Laptop 5 အနေနဲ့ကတေ့ာ Design ပိုင်းမှာ ပြောင်းလဲမှုတွေပြုလုပ်လာမှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းမှာလည်း ယခင်ထက်ပိုပြီး မြန်ဆန်လာမယ်လို့ သိရပါတယ်။ ဒါ့အပြင် Microsoft ဟာ Surface Product အသစ်တွေမှာ Green နဲ့ Light Blue အရောင်အသစ်တွေကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Ref – The Verge