Microsoft ပူးတွဲတည်ထောင်သူ Bill Gates က ဉာဏ်ရည်တု (AI) နည်းပညာ အလျင်အမြန် တိုးတက်လာမှုကြောင့် နောက် ၁၀ နှစ်အတွင်းမှာ လူတွေဟာ တစ်ပတ်ကို ၂ ရက်ပဲ အလုပ်လုပ်ရတော့မယ့် အခြေအနေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

Bill Gates predicts 2-day work week is coming in just 10 years as AI will replace humans for 'most things'

The Tonight Show with Jimmy Fallon အစီအစဉ်မှာ ပါဝင်တင်ဆက်ရင်း Gates က အခုလို ပြောကြားခဲ့တာဖြစ်ပြီး AI က ပုံမှန်လုပ်ရိုးလုပ်စဉ် အလုပ်တွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ ဖြစ်တဲ့အတွက် လူတွေအနေနဲ့ “ကိစ္စတော်တော်များများအတွက် လိုအပ်တော့မှာ မဟုတ်ဘူး” လို့ ဆိုပါတယ်။

Microsoft founder Bill Gates is predicting 2 days work week in next 10 years and why it is Bad news - The Times of India

“AI နဲ့အတူ လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဉာဏ်ရည်ဉာဏ်သွေးပိုင်းဆိုင်ရာ ကိစ္စတွေဟာ အခမဲ့ ရနိုင်ပြီး နေရာတိုင်းမှာ ရှိလာလိမ့်မယ်” လို့ သူက ကျန်းမာရေး အကြံဉာဏ်ပေးတာတွေနဲ့ စာသင်ကြားပေးတာတွေကို ဥပမာပေးပြီး ပြောပါတယ်။

ထုတ်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး (Logistics) နဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတွေဟာ အချိန်ကာလတစ်ခု ရောက်တဲ့အခါ အလိုအလျောက် စနစ်တွေကြောင့် “အခြေခံအားဖြင့် ဖြေရှင်းပြီးသား ပြဿနာတွေ” ဖြစ်လာနိုင်တယ်လို့ Gates က ဆိုပါတယ်။

AI က ဆန်းသစ်တီထွင်မှုတွေကို တွန်းအားပေးနေပေမယ့် တစ်ဖက်မှာလည်း အလုပ်အကိုင် နေရာတွေကို အစားထိုး ဝင်ရောက်လာနိုင်တဲ့အတွက် မရေရာမှုတွေ ရှိနေတယ်ဆိုတာကိုလည်း သူက အသိအမှတ်ပြု ပြောကြားခဲ့ပါတယ်။

Ref: Fossbytes