Microsoft ကနေ ယခင်တုန်းက Dual Screen နဲ့ Touch Screen Device တွေအတွက် Windows 10X Operating System အသစ်ကို မိတ်ဆက်သွားမယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ပြောကြားချက်ကို ပြီးခဲ့တဲ့နှစ်အောက်တိုဘာလတုန်းက Microsoft Dual Screen Device အသစ်တွေ မိတ်ဆက်တုန်းက ပြောကြားခဲ့တာဖြစ်ပေမယ့် အခုအချိန်မှာတော့ ပြောင်းလဲပြီး ပြန်လည်ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒါကတော့ လက်ရှိ Windows Laptop တွေအသုံးပြုနှုန်းဟာ အိမ်မှာနေရင်း အလုပ်လုပ်ကိုင်နေကြတာ အလွန်မြင့်မားနေပြီး Windows 10X ကို ပုံမှန် Laptop နဲ့ Desktop တွေဖြစ်တဲ့ Single Screen Device တွေမှာပါ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Windows 10X ကို Dual Screen Laptop တွေထက် ပုံမှန် Single Screen Laptop တွေအတွက် အရင်ဦးဆုံးထုတ်ပေးသွားဦးမှာဖြစ်ပါတယ်။

အခုလိုမျိုး Windows 10X OS အသစ်ဟာ ပုံမှန် Windows 10 ထက် သိသိသာသာကို ပိုပြီး Flexible ဖြစ်မှာဖြစ်သလို Cloud ကို အသုံးပြုပြီး မတူညီတဲ့အလုပ်လုပ်ကိုင်မှုတွေကိုပါ ဆောင်ရွက်နိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ Laptop ထုတ်လုပ်သူတွေရဲ့အကူအညီနဲ့ Windows 10X ကို Dual Screen Laptop တွေဆီကို အသုံးပြုနိုင်အောင်ထုတ်ပေးသွားမှာဖြစ်ပါတယ်။

Microsoft ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်မှာ Windows 10 ကို အသုံးပြုနေတဲ့အချိန်စုစုပေါင်းက မနှစ်တုန်းကထက် ၇၅ ရာခိုင်နှုန်းအထိကို ပိုမိုများပြားလာခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး COVID-19 ကြောင့် အိမ်မှာပဲနေပြီး အလုပ်လုပ်နေရတဲ့အချိန်မှာ လူတွေက စမတ်ဖုန်းတွေထက် Windows PC တွေကို ပိုပြီး အသုံးပြုလာတယ်လို့ ပြောရမှာပါ။

Windows 10X ဟာ ပြောရမယ်ဆိုရင် စမတ်ဖုန်းတွေရဲ့ UI လိုမျိုးပဲ သိသိသာသာာကို ပိုပြီးရှင်းသွားမှာဖြစ်ပြီး Windows ရဲ့သက်တမ်းကြာနေပြီဖြစ်တဲ့ File Explorer လိုမျိုး App တွေကိုလည်း လုံးဝ Modern Design အနေနဲ့ ပြောင်းလဲထားမှာဖြစ်ပါတယ်။

Ref – The Verge