Microsoft ဟာ Apple ထက်အရင် ARM-based Processor တွေကို Surface Pro X Series Tablet ကွန်ပျူတာတွေမှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ Surface Pro X တွေမှာ အသုံးပြုထားတဲ့ SQ1 နဲ့ SQ2 Processor တွေဟာ Qualcomm ရဲ့ အကူအညီနဲ့ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။

Apple ကနေ ကိုယ်ပိုင် M1 Processor အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro 13-inch အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကို ပိုကောင်းမွန်တာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ 5nm Architecture ကို အခြေခံထားတာဖြစ်တဲ့အတွက်လည်း Battery Life ပိုင်းမှာ ယခင်ထက် ပိုပြီးကြာရှည်ခံလာတယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် Microsoft ကနေ Apple လိုမျိုးပဲ ကိုယ်ပိုင် ARM-based Chipset တွေကို ထုတ်လုပ်သွားဖို့ စီစဥ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ Bloomberg ကို ကိုယ်ပိုင် Chipset တွေထုတ်လုပ်နိုင်ဖို့အတွက် Chip Maker အများအပြားနဲ့ ပူးပေါင်းမှုတွေပြုလုပ်သွားမယ့်အပြင် ရင်းနှီးမြုပ်နှံမှုတွေလည်း ပြုလုပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာ Microsoft အနေနဲ့ Intel Processor တွေကို အသုံးပြုထားတဲ့ Surface Pro 8 အပြင် တခြားသော Surface ကွန်ပျူတာတွေကိုလည်း ဆက်လက်မိတ်ဆက်သွားဖို့ရှိနေပါတယ်။ ဒါပေမယ့်လည်း အခုအတိုင်းဆက်သွားမယ်ဆိုရင် ရေရှည်မှာ Intel ကို လက်တွဲဖြုတ်ပြီး Apple လိုမျိုးပဲ ကိုယ်ပိုင် Processor တွေနဲ့ပဲ ထုတ်လုပ်သွားဖွယ်ရှိပါတယ်။

Ref – XDA-Developer