Microsoft ကနေ လက်ရှိအချိန်မှာ Intel Processor အသုံးပြုထားတဲ့ Surface Pro 7 အပြင် ARM Processor အသုံးပြုထားတဲ့ Surface Pro X ကိုပါ မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း အဆိုပါ Surface Pro အသစ် (Surface Pro X2) ကို အဆင့်မြှင့်တင်မှုတွေနဲ့ ထပ်မံမိတ်ဆက်ဦးမယ်လို့ သိရပါတယ်။

လက်ရှိသိရတဲ့သတင်းတွေအရတော့ Surface Pro X အသစ်မှာ Microsoft SQ2 Processor ကို အသုံးပြုလာမှာဖြစ်ပြီး အဆိုပါ Processor ဟာ Qualcomm Snapdragon 8cx Gen 2 5G Chipset ကို အခြေခံထားဖွယ်ရှိနေပါတယ်။ အဲ့ဒီအတွက် Surface Pro X အသစ်မှာ LTE အစား 5G ကို Support ပြုလုပ်လာမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ အဆိုပါ Surface Pro X အသစ်ကို အရောင်တွေအနေနဲ့လည်း အသစ်တွေမိတ်ဆက်သွားဖို့ရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ Surface Pro X ဟာ Black Color အနေနဲ့ပဲ မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခု Surface Pro X အသစ်ကိုတော့ Tablet ရော၊ Type Cover တွေကိုပါ အရောင်မျိုးစုံရွေးချယ်နိုင်ဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ Surface Pro X ဟာ Design ပိုင်းအရတော့ ကောင်းမွန်ပေမယ့် Performance ပိုင်းမှာ Intel Processor အသုံးပြုထားတဲ့ Surface Pro 7 ကို မမှီတဲ့အပြင် Software ပိုင်း Compatible မဖြစ်တဲ့ပြဿနာတွေကို ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ စျေးအရလည်း Surface Pro 7 ထက် ပိုများတဲ့အတွက် အခု Surface Pro X အသစ်မှာတော့ Microsoft ကနေ အဆိုပါ ပြဿနာတွေကို ဖြေရှင်းနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – The Verge