Microsoft က အခုအချိန်မှာ Xbox Game တွေဘက်ကို ဦးစားပေးဆောင်ရွက်နေပြီး အခုလည်းနောက်ထပ် အပြောင်းအလဲတစ်ခုကို ဆောင်ရွက်ဖို့ စီစဥ်နေကြတာဖြစ်ပါတယ်။ ဒါကတော့ အခမဲ့ဆော့ကစားနိုင်တဲ့ Free-to-play ဂိမ်းတွေမှာ ကြော်ငြာတွေထည့်သွင်းဖို့ စီစဥ်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဆိုပါ ကြော်ငြာတွေထည့်သွင်းဖို့က ဂိမ်းဆော့ကစားတဲ့နေရာမှာတော့ အနှောင့်အယှက်ဖြစ်စေမှာမဟုတ်ဘဲ ကားမောင်းဂိမ်းတွေထဲမှာဆိုရင် Billboard တွေမှာပဲ ထည့်သွင်းပေးမှာဖြစ်ပါတယ်။ တခြားသောနေရာတွေမှာလည်း ကြော်ငြာတွေထည့်သွင်းမှာဖြစ်ပေမယ့် မသိသာအောင် ထည့်သွင်းသွားဖွယ်ရှိနေပါတယ်။

တစ်ခုရှိတာကတော့ Microsoft ကနေ ဘယ်လိုမျိုး ကြော်ငြာတွေကို ပြသသွားမလဲဆိုတာကို အသေးစိတ်ပြောကြားထားခြင်းမရှိသေးသလို ဆော့ကစားသူတွေဘက်ကနေ ဘယ်လိုမျိုး တုန့်ပြန်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

နောက်ထပ်ထူးခြားချက်တစ်ခုကတော့ အခုလိုမျိုး ကြော်ငြာထည့်သွင်းသွားမှာဖြစ်ပေမယ့် Microsoft ဘက်ကနေ ကြော်ငြာတွေဆီကနေ ဝင်ငွေကို ရယူသွားမှာမဟုတ်ဘဲ Game Developer နဲ့ Advertising Company တွေကိုပဲ ပေးအပ်သွားမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ အဆိုပါ ကြော်ငြာတွေက ရရှိတဲ့ Data တွေကိုလည်း တခြားသော Service တွေမှာ အသုံးချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Microsoft Xbox ဂိမ်းတွေထဲမှာ ကြော်ငြာတွေထည့်သွင်းလာမယ်ဆိုရင် တခြားသော Service တွေမှာလည်း အလားတူကြော်ငြာတွေထည့်သွင်းလာနိုင်ပါတယ်။

Ref – The Verge