Microsoft ဟာ လက်ရှိအချိန်မှာ Gaming Console စျေးကွက်ကို Xbox Series တွေနဲ့ နေရာတစ်ခုရယူထားနိုင်နေပြီဖြစ်ပါတယ်။ အခုလည်း Xbox အသုံးပြုသူတွေအတွက် အသုံးဝင်မယ့် Feature အသစ်တစ်ခုကို စတင်စမ်းသပ်နေပြီလို့ သိရပါတယ်။

ဒါကတော့ Xbox အတွက် Night Mode Feature ဖြစ်ပြီး ညဘက်ဂိမ်းဆော့တတ်တဲ့သူတွေအတွက် Screen ၊ Controller LED Brightness အပြင် Xbox Power Button တွေကိုပါ မှိန်ထားပေးနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Xbox အတွက် Night Mode Feature ကို အသုံးပြုချင်တယ်ဆိုရင် Alpha Skip-Ahead Ring Insider Program မှာ ဝင်ရောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

Xbox အတွက် Night Mode ဟာ Customize ပြုလုပ်နိုင်တဲ့ Function တွေများပြားပြီးတော့ Dimming Level မျိုးစုံရွေးချယ်နိုင်သလို Optional Blue Light Filter ကိုပါ ရွေးချယ်နိုင်ပါသေးတယ်။ Night Mode ကို အသုံးပြုတဲ့အချိန်မှာ System ကို Dark Mode အနေနဲ့ ပြောင်းလဲပြီး HDR ကို ပိတ်ထားပေးဖို့အထိပါ Customize ပြုလုပ်နိုင်မယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Night Mode ကို Manual အနေနဲ့ On/Off ပြုလုပ်နိုင်သလို ကိုယ့်စိတ်ကြိုက်အချိန် သို့မဟုတ် နေဝင်ချိန်ကို Automatic ထားပြီး အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာ Xbox Insider Program မှာ စတင်စမ်းသပ်နေပြီဖြစ်တာကြောင့် မကြာခင်အချိန်အတွင်းမှာ Xbox အသုံးပြုသူတိုင်းအတွက် ရရှိလာမယ်လို့ ယူဆရပါတယ်။

Ref – Engadget