ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက Microsoft ကနေ Surface Pro X ၊ Pro 7 နဲ့ Surface Laptop 3 တွေအပြင် Dual Display Device တွေဖြစ်တဲ့ Surface Neo နဲ့ Duo တို့ကိုပါ မိတ်ဆက်ခဲ့သေးပါတယ်။ အဆိုပါ Dual Screen Device တွေဟာ လာမယ့် နှစ်ကုန်ပိုင်းအားလပ်ရက်မှ ရောင်းချသွားမှာဖြစ်ပေမယ့် အခုအချိန်မှာ Hands-on Video တစ်ခုထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

ယခုထွက်ပေါ်လာတဲ့ Device ကတော့ Surface Duo ပဲဖြစ်ပြီး အဆိုပါ Surface Duo ဟာ 5.6″ Display ၂ ခုကို အလယ်က Hinge နဲ့တွဲချိတ်ထားတာဖြစ်ပြီး Galaxy Fold လိုမျိုး စာအုပ်ပုံစံခေါက်ချိုးရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အရှေ့ဘက်မှာတော့ Display ပါဝင်မှာမဟုတ်ပါဘူး။

 

အဆိုပါ Surface Duo ဟာ Windows 10X နဲ့ ပုံစံဆင်တူအောင်ပြုလုပ်ထားတဲ့ Android OS ကို အသုံးပြုထားမှာဖြစ်ပြီး ဖုန်းပြောဆိုမှုတွေကိုပါ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Camera ပိုင်းအနေနဲ့ ထွက်ပေါ်လာတဲ့ Video အရဆိုရင်တော့ Selfie Camera ပဲ ပါဝင်မှာဖြစ်ပြီး Flash လည်းပါဝင်မှာဖြစ်ပါတယ်။

ဒီ Surface Duo နဲ့ Neo Device တွေအကြောင်းကို လက်ရှိအချိန်မှာ အသေးစိတ်မရှိရသေးသလို Microsoft ကိုယ်တိုင်ကလည်း Windows 10X ကို တရားဝင်မမိတ်ဆက်ရသေးတဲ့အတွက် ဘယ်လိုဖြစ်လာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – XDA Developers