Unicode

ပြီးခဲ့တဲ့ အောက်တိုဘာလမှာ Microsoft ရဲ့ Surface မိတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး အနာဂါတ်ထုတ်ကုန်တွေကို ပြသခဲ့ပါတယ်။ Microsoft Surface Duo နဲ့ Neo တို့ဟာ အပြည့်အဝဖွင့်နိုင်ခေါက်ချိုးနိုင်မယ့် Hinge (ပတ္တာ) နဲ့ တွဲဖက်လာမှာဖြစ်လို့ ဘယ် Angle ကိုမဆို ခေါက်ချိုးအသုံးပြုနိုင်မှာပါ။

ယနေ့မှာတော့ အဆိုပါစက်ပစ္စည်းအသစ်တွေမှာ အသုံးပြုမယ့် Hinge စနစ်ကို ဖော်ပြထားတဲ့ Patent ရဲ့ ပုံတွေ ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါ Patent ထဲမှာ Hinge နေရာအတွက် ဘယ်လိုချိတ်ဆက်အလုပ်လုပ်မယ်ဆိုတဲ့ ပုံကြမ်း ပါဝင်ပြီး Surface Duo နဲ့ Neo တို့ရဲ့ကျောရိုးတွေအဖြစ် အသုံးခံသွားမှာပါ။

Surface Duo ဟာ Microsoft ရဲ့ Dual-display နဲ့ စမတ်ဖုန်းသစ်ဖြစ်ပြီး ၃၆၀-ဒီဂရီထိ လှည့်နိုင်ကာ Surface Pen သုံးစွဲနိုင်ပါတယ်။ ပုံပန်းသဏ္ဍာန်တူညီပေမယ့် Surface Neo က 9” လက်မ Display နှစ်ခုနဲ့ Windows 10X OS အသုံးပြုလာမှာဖြစ်ပြီး Duo ကတော့ 5.6” လက်မ Display နှစ်ခုကို Android OS နဲ့ အသုံးပြုရမှာပါ။

ပိုသေးပြီး Android OS အသုံးပြုထားတဲ့အတွက် စမတ်ဖုန်းလို့ ဆိုရမယ့် Surface Duo မှာ ကမ္ဘာ့အဆင့်မီ ကင်မရာစနစ် ပါဝင်လာမယ်လို့ ဆိုထားပြီး ဒီစက်နှစ်ခုကို ၂၀၂၀ အားလပ်ရက်ရာသီမှာမှ ဈေးကွက်ထဲ မြင်တွေ့ရနိုင်ပါတယ်။

Ref – GSM Arena

Zawgyi

ၿပီးခဲ့တဲ့ ေအာက္တုိဘာလမွာ Microsoft ရဲ႕ Surface မိတ္ဆက္ပြဲကို က်င္းပခဲ့ၿပီး အနာဂါတ္ထုတ္ကုန္ေတြကို ျပသခဲ့ပါတယ္။ Microsoft Surface Duo နဲ႔ Neo တုိ႔ဟာ အျပည့္အဝဖြင့္ႏုိင္ေခါက္ခ်ဳိးႏုိင္မယ့္ Hinge (ပတၱာ) နဲ႔ တြဲဖက္လာမွာျဖစ္လို႔ ဘယ္ Angle ကိုမဆုိ ေခါက္ခ်ဳိးအသုံးျပဳႏုိင္မွာပါ။

ယေန႔မွာေတာ့ အဆုိပါစက္ပစၥည္းအသစ္ေတြမွာ အသုံးျပဳမယ့္ Hinge စနစ္ကို ေဖာ္ျပထားတဲ့ Patent ရဲ႕ ပုံေတြ ေပၚထြက္လာခဲ့ပါတယ္။ အဆုိပါ Patent ထဲမွာ Hinge ေနရာအတြက္ ဘယ္လိုခ်ိတ္ဆက္အလုပ္လုပ္မယ္ဆုိတဲ့ ပုံၾကမ္း ပါဝင္ၿပီး Surface Duo နဲ႔ Neo တုိ႔ရဲ႕ေက်ာရုိးေတြအျဖစ္ အသုံးခံသြားမွာပါ။

Surface Duo ဟာ Microsoft ရဲ႕ Dual-display နဲ႔ စမတ္ဖုန္းသစ္ျဖစ္ၿပီး ၃၆၀-ဒီဂရီထိ လွည့္ႏုိင္ကာ Surface Pen သုံးစြဲႏုိင္ပါတယ္။ ပုံပန္းသ႑ာန္တူညီေပမယ့္ Surface Neo က 9” လက္မ Display ႏွစ္ခုနဲ႔ Windows 10X OS အသုံးျပဳလာမွာျဖစ္ၿပီး Duo ကေတာ့ 5.6” လက္မ Display ႏွစ္ခုကို Android OS နဲ႔ အသုံးျပဳရမွာပါ။

ပုိေသးၿပီး Android OS အသုံးျပဳထားတဲ့အတြက္ စမတ္ဖုန္းလို႔ ဆုိရမယ့္ Surface Duo မွာ ကမာၻ႕အဆင့္မီ ကင္မရာစနစ္ ပါဝင္လာမယ္လို႔ ဆုိထားၿပီး ဒီစက္ႏွစ္ခုကို ၂၀၂၀ အားလပ္ရက္ရာသီမွာမွ ေစ်းကြက္ထဲ ျမင္ေတြ႕ရႏုိင္ပါတယ္။

Ref – GSM Arena