Microsoft ဟာ Windows Tablet ဖြစ်တဲ့ Surface Pro Series ကို ဆက်တိုက်မိတ်ဆက်လာတာ အခုဆိုရင် Surface Pro 7 အထိ ထွက်ရှိပြီးဖြစ်ပါတယ်။ လက်ရှိနောက်ဆုံးသိထားတဲ့သတင်းတွေအရ Microsoft ဟာ မကြာခင်မှာ Surface Pro 8 ကိုပါ မိတ်ဆက်လာတော့မှာဖြစ်ပါတယ်။

Surface Pro 8 ဟာ Design ပိုင်းမှာတော့ လက်ရှိ Surface Pro 7 နဲ့ဆင်တူမှာဖြစ်တယ်လို့ သိရပြီး ကျန်တဲ့ Specification ပိုင်းမှာပဲ ပြောင်းလဲထားမယ်လို့ ယူဆရပါတယ်။ အထူးသဖြင့် Processor ပိုင်းမှာ Intel ရဲ့ 11th Generation Processor တွေကို အသုံးပြုလာမှာပါ။

နောက်ထပ်လည်း Microsoft ကနေ Surface Pro 8 မှာ 4G LTE Version အနေနဲ့လည်း မိတ်ဆက်လာမယ်လို့ သိရပါတယ်။ အဆိုပါ LTE Model တွေကိုတော့ Intel Core i5 နဲ့ Core i7 တွေကိုပဲ ရွေးချယ်နိုင်မှာဖြစ်ပြီး Entry Model ဖြစ်တဲ့ Core i3 အနေနဲ့ကတော့ LTE Support ပြုလုပ်မှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး 4G LTE Version ကို မိတ်ဆက်လာတာက Wi-Fi Network မရရှိနိုင်တဲ့နေရာတွေကို သွားလာနေရတဲ့သူတွေအတွက် ပိုပြီးအဆင်ပြေလာမှာပါ။

ကျန်တဲ့အချက်အလက်တွေအနေနဲ့ကတော့ RAM အနေနဲ့ 8GB ကနေ စတင်မှာဖြစ်ပြီး အမြင့်ဆုံး 32GB RAM အပြင် 1TB SSD အထိ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Microsoft ဟာ ယခုလအတွင်းမှာ Surface Pro 8 Tablet ကို မိတ်ဆက်လာမယ်ဆိုပြီး သတင်းထွက်ရှိထားပြီး ARM Processor အသုံးပြုထားတဲ့ Surface Pro X Series အသစ်ကိုတော့ မိတ်ဆက်လာဦးမှာမဟုတ်ပါဘူး။

Ref – Phone Arena