Microsoft ဟာ နည်းပညာ လောကမှာ ထိပ်တန်းက ဦးဆောင်နေပြီး Apple ကို ကျော်တက်ကာ ကမ္ဘာ့ တန်ဖိုး အကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။ Microsoft ရဲ့ တန်ဖိုးဟာ မကြာခင်က ဒေါ်လာ ၃.၁၂ ထရီလီယမ် ရှိပြီး Apple ရဲ့ ၂၀၂၃ ခုနှစ်ရဲ့ စံချိန်ဖြစ်တဲ့ ဒေါ်လာ ၃.၀၉ ထရီလီယမ်ထက် များလာခဲ့ပါတယ်။ Microsoft ရဲ့ နည်းဗျူဟာ အပြောင်းအလဲတွေကြောင့် အခုလို ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Microsoft bing ai is useless

Microsoft ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း Satya Nadella ကို CEO အဖြစ် ခန့်အပ်ခဲ့ပြီး Azure နဲ့ Microsoft 365 တို့လို Cloud အခြေပြု လုပ်ငန်းတွေကို အောင်မြင်အောင်ပြုလုပ်နိုင်ခဲ့ပါတယ်။ ကိုဗစ် ၁၉ ကပ်ရောဂါ ကာလမှာ Microsoft ရဲ့ Cloud Computing လုပ်ငန်းဟာ ပိုမို အောင်မြင်ခဲ့ပါတယ်။

Microsoft နဲ့ Apple ကုမ္ပဏီ ၂ ခုစလုံးဟာ တီထွင်ဆန်းသစ်မှု အပိုင်းမှာ ကမ္ဘာ့ ထိပ်တန်း ဖြစ်ကြပါတယ်။ Customer များစွာလည်း ရထားကြတဲ့ ကုမ္ပဏီတွေ ဖြစ်ကြပါတယ်။ Apple ဟာ ဟာ့ဒ်ဝဲတွေကို အဓိက ထုတ်လုပ်နေတဲ့ ကုမ္ပဏီ ဖြစ်ပြီး ကြီးမားတဲ့ Ecosystem ကို တည်ဆောက်ထားနိုင်ပါတယ်။ အဲဒီ နည်းပညာကုမ္ပဏီ ၂ ခုရဲ့ ပြိုင်ဆိုင်မှုဟာလည်း ရှေ့လျှောက် ဆက်လက် ပြင်းထန်နေဦးမှာ ဖြစ်ပါတယ်။

Apple ဟာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ နေရာကို နှစ်ပေါင်းများစွာ သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ အခုတော့ Microsoft က Apple ကို ကျော်တက်ကာ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး ကုမ္ပဏီ ဖြစ်လာပါတယ်။

Ref : gizchina