Microsoft ဟာ ဒီလ နှောင်းပိုင်းမှာ ပွဲ ၁ ခု ကျင်းပပြီး နောက်မျိုးဆက် Windows ကို ကြေညာတော့မှာပါ။ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ပွဲအတွက် ဖိတ်စာတွေကို  Microsoft က မီဒီယာတွေဆီကို ပေးပို့ထားပါပြီ။ စီအီးအို Satya Nadella နဲ့ Chief Product Officer Panos Panay ၂ ယောက်စလုံး ပွဲမှာ မိတ်ဆက်ကြမှာပါ။

Nadella က နောက်မျိုးဆက် Windows မိတ်ဆက်ပွဲနဲ့ ပတ်သက်ပြီး အရိပ်အမြွက် ပြောကြားပြီးနောက် ၁ ပတ်အကြာမှာ ဖိတ်စာတွေကို ပေးပို့လိုက်တာပါ။ ပွဲမှာ Microsoft က နောက်မျိုးဆက် Windows ရဲ့ အဓိက တိုးတက်မှုတွေကို ကြေညာနိုင်ပြီး Visual အပိုင်းမှာ အများကြီး ကောင်းလာနိုင်ပါတယ်။ လျှို့ဝှက်နာမည် “Sun Valley” လို့ပေးထားတဲ့ UI ကြီးကြီးမားမား ပြောင်းလဲမှုတွေကို မြင်ရနိုင်ပါတယ်။ Windows Logo အသစ်ကို ဖိတ်စာမှာ အရိပ်အမြွက်ပြသထားပါတယ်။

Dual-screen Device တွေအတွက် ရည်ရွယ်ဖန်တီးထားတဲ့ Windows 10X OS ကို မဖြန့်ချိတော့ဘူးလို့ ကုမ္ပဏီက ပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပါတယ်။ Microsoft က Windows 10X ရဲ့ Visual တွေကို ပင်မ Windows 10 မှာ ထည့်သွင်းထားပါတယ်။

Visual ပြောင်းလဲမှုများစွာထဲမှာ System Icons အသစ်တွေ၊  File Explorer တိုးတက်မှုတွေနဲ့ Windows 95 Icons အဆုံးသတ်မှုတွေ ပါလာမှာပါ။ Microsoft ဟာ Windows ရဲ့ အခြေခံ အုတ်မြစ်တွေကို တိုးတက်အောင် အာရုံစိုက်ထားပါတယ်။

Nadella က Developers နဲ့ Creators တွေအတွက် ပိုအဆင်ပြေအောင် လုပ်ပေးမယ်လို့  ပြောထားတဲ့အတွက် App Store မှာ ပြောင်းလဲမှုတွေ ပါလာမှာပါ။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့ လတွေအတွင်းမှာ Windows အတွက် App Store အသစ် ၁ ခုကို ဖန်တီးလာခဲ့ပြီး ပေါက်ကြားသတင်းတွေအရ Microsoft ဟာ Apps အားလုံးအတွက် Store ကို ဖွင့်ပေးထားနိုင်သလို Payment Platforms တွေ ပိုများလာနိုင်ပါတယ်။

Ref : theverge