Microsoft က ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစပြီး Hardware ထုတ်ကုန်တွေကို တိုးချဲ့ထုတ်လုပ်ရောင်းချလာပြီး အခုလည်း ထုတ်ကုန် အသစ်တွေကို ကြေညာလိုက်ပါတယ်။ Windows Laptop ၊ Tablet တွေ အပြင် Surface Go 2 နဲ့ Surface Book 3 တို့လည်း ပါဝင်ပါတယ်။

Surface Headphones 2 ဟာ Microsoft ရဲ့ Noise-cancelling Headphones အသစ် ဖြစ်ပြီး ကုမ္ပဏီက မော်ဒယ် အသစ်မှာ အသံအရည်အသွေးနဲ့ ဘက်ထရီ သက်တမ်း ပိုကောင်းလာတယ်လို့ ပြောပါတယ်။ ၁ ခါအားအပြည့်သွင်းထားရင် နာရီ ၂၀ အသုံးခံပါတယ်။ Headphones ဘေးဘက်မှ Dial ကနေ Noise Cancelling ကို ချိန်ညှိနိုင်ပါတယ်။ လည်ပင်းမှာ ပတ်ထားတဲ့အခါ သက်တောင့်သက်သာရှိစေဖို့ Ear Cups ကို ၁၈၀ ဒီဂရီ လှည့်ပတ်နိုင်ပါတယ်။ မေလ ၁၂ ရက်နေ့မှာ ၂၄၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၃ သိန်း ၄ သောင်းလောက် ရှိပါတယ်။

Microsoft က အရင်နှစ် အောက်တိုဘာလက ကြေညာခဲ့တဲ့ Surface Earbuds ရောင်းမယ့် အချိန်ကိုလည်း အသိပေးလိုက်ပါတယ်။ အဲဒီ Earbuds တွေကို ၂၀၂၀ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ၁၉၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၂ သိန်း ၈ သောင်းလောက်ရှိပါတယ်။ အဲဒီ Earbuds ရဲ့ အလန်းစား လုပ်ဆောင်ချက်က Touch Controls တွေ ဖြစ်ပြီး Spotify ၊ Microsoft Apps တွေနဲ့ တွဲဖက် အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ  သက်တမ်းက ၁ ရက် ကောင်းကောင်းခံပြီး Case ကနေ ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။

Ref : androidpolice