TF Securities ရဲ့ လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ရဲ့ နောက်ဆုံးထုတ် iPhone မျိုးဆက်ရဲ့ ကြိုတင်မှာယူတဲ့ အခြေအနေကို ထုတ်ပြန်လိုက်ပါတယ်။ iPhone 14 Pro Max ရဲ့ ဝယ်လိုအားဟာ အရင်နှစ် 13 Pro Max ထက်များနေပြီး iPhone 14 Pro ဝယ်လိုအားဟာ 13 Pro နဲ့ တူညီနေပါတယ်။ တခြား မော်ဒယ် ၂ ခုကတော့ အခြေအနေ သိပ်မကောင်းပါဘူး။

Ming-Chi Kuo: demand for iPhone 14 Plus weaker than for mini, 14 Pro Max surpasses its predecessor | Daily Multan News

စွမ်းရည်မြင့် မော်ဒယ်တွေဟာ Average Sellling Price (ASP) ပိုများပေမယ့် ရောင်းအား ပိုကောင်းနေပါတယ်။ iPhone 14 နဲ့ 14 Plus ရောင်းအားက iPhone 14 Series အားလုံးရဲ့ ၄၅ ရာခိုင်နှုန်းရှိပါတယ်။

Kuo က 14 Plus ရောင်းအားဟာ အရင်နှစ် iPhone 13 mini ထက်တောင် နည်းနေပါတယ်။ Apple ဟာ ရောင်းအား မကောင်းတဲ့အတွက် mini ကို ဒီနှစ်မှာ မရောင်းချထားပါဘူး။ 14 Plus ဟာ ဒီနှစ်ထုတ် iPhone SE ထက်တောင် ရောင်းအားနည်းနေပါတယ်။

Ming-Chi Kuo: demand for iPhone 14 Plus weaker than for mini, 14 Pro Max surpasses its predecessor

ရိုးရိုး မော်ဒယ် ၂ လုံးရဲ့ ဝယ်လိုအား နည်းနေတဲ့အတွက် Apple ဟာ လာမယ့် ရက်သတ္တပတ်အတွင်း ထုတ်လုပ်မှုကို လျှော့ချနိုင်ပါတယ်။ Pro မော်ဒယ် ၂ လုံးကို တိုးတက်ထုတ်လုပ်မလားဆိုတာက ကြိုတင်မှာယူမှု အခြေအနေ ဘယ်အချိန်အထိ ကောင်းမလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပါတယ်။

အခု ဒေတာတွေဟာ အဓိက ဈေးကွက်များစွာက iPhone 14 မော်ဒယ် အသစ်တွေအတွက် Wait Time ကို အခြေပြု တွက်ချက်ထားတာ ဖြစ်ပါတယ်။

iPhone 14 Series ကို လက်ရှိမှာ မရောင်းချထားသေးဘဲ ကြိုတင်မှာယူခွင့်ပဲ ပြုထားပါသေးတယ်။ ပထမဆုံး ရောင်းချမှုကို စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပြီး Plus ကို နောက်လကျမှ ရောင်းချမှာပါ။

ref : gsmarena