iPhone 11 series ကတည်းက အခြေခံလာတဲ့ ဒီဇိုင်းပုံစံရဲ့ နောက်ဆုံးမျိုးဆက်က iPhone 16 series ဖြစ်ခဲ့ပါတယ်။ အခုတော့ iPhone 17 မျိုးဆက်သစ် ထွက်ရှိလာပြီဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က မော်ဒယ်တွေထက် အစောပိုင်းရောင်းအားပိုကောင်းနေတယ်လို့ လေ့လာသုံးသပ်သူ Ming-Chi Kuo က ပြောပါတယ်။ သူက  pre-order မှာယူမှု တစ်ပတ်ပြည့်ပြီးနောက် ထုတ်လုပ်မှုပမာဏနဲ့ ပစ္စည်းရဖို့စောင့်ရတဲ့အချိန်တွေကို လေ့လာပြီးနောက်မှာ ပြောကြားလိုက်တာပါ။

iPhone 17 Series Outpaced iPhone 16 in First-Week Demand, iPhone 17 Pro Max  Leading the Pack: Kuo ~ My Mobile India

ပြီးခဲ့တဲ့နှစ်မှာ iPhone 16 ရဲ့ ပထမတစ်ပတ် pre-order အရေအတွက်က မျှော်မှန်းထားတာထက် နည်းပါးခဲ့ပါတယ်။ အခုတော့ Apple က ပြန်လည်ဦးမော့လာခဲ့ပြီး iPhone 17 မော်ဒယ်တွေရဲ့ ပထမတစ်ပတ်အတွင်း ဝယ်လိုအားက အရင်မျိုးဆက်တွေထက်ကို ကျော်တက်သွားခဲ့ပါတယ်။

Ming-Chi Kuo: iPhone 17 Series Surpasses Last Year's iPhone 16 Series in 1st  Weekend Pre-Order DemandFinancial News

Kuo ဟာ ပစ္စည်းရဖို့စောင့်ရတဲ့အချိန် (lead times) တွေကို လေ့လာခဲ့ပါတယ်၊ အဲဒါကတော့ မော်ဒယ်အသစ်တွေအတွက် ပို့ဆောင်ပေးမယ့် ခန့်မှန်းရက်ဖြစ်ပြီး ရက်သတ္တပတ်ပေါင်းများစွာအထိ လျင်မြန်စွာ တိုးသွားခဲ့ပါတယ်။ ဒီနှစ်ရဲ့ တတိယသုံးလပတ် (Q3) အတွက် iPhone 17, 17 Pro နဲ့ 17 Pro Max တို့ရဲ့ ထုတ်လုပ်မှုပမာဏကို Apple က ၂၀၂၄ ခုနှစ် Q3 က အလားတူမော်ဒယ်တွေထက် ၂၅% ပိုမိုသတ်မှတ်ခဲ့ပါတယ်။ ထုတ်လုပ်မှု ပိုများနေတာတောင်မှ ခန့်မှန်းခြေ ပို့ဆောင်ပေးရမယ့်ရက်တွေက တစ်ပတ်လောက် ပိုကြာနေတာကို ကြည့်ခြင်းအားဖြင့် အဓိကမော်ဒယ်သုံးမျိုးရဲ့ ဝယ်လိုအား ပိုမိုအားကောင်းနေတယ်ဆိုတာကို ပြသနေပါတယ်။

အဲဒီမော်ဒယ်တွေထဲမှာ iPhone 17 Pro Max က လူကြိုက်အများဆုံးမော်ဒယ်အဖြစ် ရှိနေဆဲပါပဲ။ Apple ဟာ 16 Pro Max နဲ့ နှိုင်းယှဉ်ရင် ထုတ်လုပ်မှုကို ၆၀% လောက် တိုးမြှင့်ခဲ့ပေမယ့် အဲဒီလိုတိုးမြှင့်ထားတာတောင်မှ မော်ဒယ်နှစ်မျိုးလုံးအတွက် ပစ္စည်းရဖို့စောင့်ရတဲ့အချိန်က အတူတူလောက်ပဲ ဖြစ်နေပါတယ်။

မျိုးဆက်သစ်အဖြစ် အသစ်ထွက်ရှိလာတဲ့ iPhone Air ကိုတော့ Apple က ပြီးခဲ့တဲ့နှစ်က iPhone 16 Plus ထက် ဒီနှစ် Q3 မှာ ၃ ဆ ပိုမိုထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ iPhone Air မှာ ပစ္စည်းပို့ဆောင်မှု နှောင့်နှေးတာမျိုး မရှိတဲ့အတွက် အဲဒီအရေအတွက်က မှန်ကန်တဲ့ကိန်းဂဏန်းတစ်ခု ဖြစ်ခဲ့ပုံရပါတယ်။ iPhone Air ရဲ့ ရောင်းအားကို တိကျတဲ့သုံးသပ်ချက်မပေးခင် အချိန်ကာလတစ်ခုအထိ ဆက်လက်စောင့်ကြည့်ဖို့ လိုအပ်ဦးမယ်လို့ Kuo က ပြောပါတယ်။

Ref : gsmarena