Xiaomi ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေအများအပြားအတွက် MIUI 12 Update ကို ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း Poco ကနေ ပထမဆုံးမိတ်ဆက်ခဲ့တဲ့ Pocophone F1 အတွက်တော့ MIUI 12 Update က ထွက်ရှိခြင်းမရှိသေးပါဘူး။

အခုလည်း တခြားသော Mi 8 Series ဖုန်းတွေအထိ MIUI 12 Update ကို ထုတ်ပေးခဲ့ပြီးဖြစ်ပေမယ့် Pocophone F1 အတွက် MIUI 12 Update ကတော့ ယခင်သြဂုတ်လထဲက ထွက်ရှိလာရမှာဖြစ်ပေမယ့် နောက်ကျနေတာဖြစ်ပါတယ်။ ဒါကလည်း ဆက်လက်ပြီး နောက်ကျဖို့များနေတယ်လို့ ယူဆရပါတယ်။

ဘာကြောင့်လည်းဆိုရင် Xiaomi အနေနဲ့ အခုလိုမျိုး Pocophone F1 အတွက် MIUI 12 Update ကို ဆိုင်းငံ့နေရတာက Overheating Issue တစ်ခုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကို Piunikaweb အမည်ရှိတဲ့ အသုံးပြုသူတစ်ဦးက ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Overheating Issue ဟာ 4K 30fps Video Recording ပြုလုပ်တဲ့အချိန်မှာ စက္ကန့် ၂၀ ကျော်တာနဲ့ဖြစ်ပွားသလို Screen Brightness ကို အမြင့်ဆုံးထားလိုက်တဲ့အချိန်မှာလည်း ဖြစ်ပွားနေတာဖြစ်ပါတယ်။ Pocophone F1 ဟာ Qualcomm Snapdragon 845 Chipset ကို အသုံးပြုထားတာဖြစ်ပြီးတော့ တခြားသော Snapdragon 845 ဖုန်းတွေမှာ ဖြစ်ပွားခြင်းမရှိတဲ့အတွက် Pocophone F1 မှာပဲ ဖြစ်ပွားနေတာလို့ ပြောရမှာပါ။

အဲ့ဒီအတွက် Xiaomi အနေနဲ့ Pocophone F1 အတွက် MIUI 12 Update ကို Overheating Issue ကို ဖြေရှင်းနိုင်မှပဲ Update ထုတ်ပေးသွားမှာဖြစ်ပြီး ဘယ်အချိန်အထိ ဆိုင်းငံ့ထားမလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိသေးပါဘူး။

Ref – Notebook Check