Xiaomi က ကွာတား ၁ ဖြစ်တဲ့ ဇန်နဝါရီလနဲ့ မတ်လအတွင်း MIUI 13 Global ကို ဖြန့်ချိမှာ ဖြစ်ပြီး အဲဒီ Update ရမယ့် စမတ်ဖုန်း စာရင်းကိုလည်း ကြေညာလိုက်ပါတယ်။ ကုမ္ပဏီက ဖြန့်ချိမယ့် ရက်အတိအကျကို မပြောသေးပါဘူး။

MIUI 13 Logo

MIUI 13 မှာ Dynamic Font System 2.0 ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ MiSans Font အသစ် ပါလာပြီး iOS 14 မှာလို Dynamic Widgets ထည့်သွင်းထားပါတယ်။ Fragmentation ကို လျှော့ချပေးတဲ့ Liquid Storage ပါလာပြီး Defragmentation စွမ်းရည်ကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပါတယ်။ RAM စွမ်းရည် ပိုကောင်းစေတဲ့ Atomized Memory ထည့်သွင်းထားပါတယ်။

MIUI 13 Widgets

User အသုံးပြုပုံအပေါ် အခြေခံကာ System Resources ကို နေရာချထားပေးတဲ့ Focused Algorithm ပါလာတဲ့အတွက် ဖုန်းကို လျှင်လျှင်မြန်မြန် အသုံးပြုလို့ရစေပါတယ်။ CPU က အရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်နိုင်အောင် Active App တွေကို ဦးစားပေးတဲ့ စနစ် ပါပါတယ်။

ဖုန်း စွမ်းဆောင်ရည်နဲ့ စွမ်းအင် စားသုံးမှု အကြားမှာ ချိန်ညှိပေးတဲ့ Smart Balance ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်း ပိုကြာမြင့်စေတယ်လို့ ပြောပါတယ်။ Xiaomi ဟာ MIUI 13 မှာ Privacy ကိုပိုပြီး အာရုံစိုက်ထားပါတယ်။

MIUI 13 Global ရမယ့် စမတ်ဖုန်း စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Mi 11 Ultra
  • Mi 11
  • Mi 11i
  • Mi 11 Lite 5G
  • Mi 11 Lite
  • Xiaomi 11T Pro
  • Xiaomi 11T
  • Xiaomi 11 Lite 5G NE
  • Xiaomi 11 Lite NE
  • Redmi Note 11 Pro 5G
  • Redmi Note 11 Pro
  • Redmi Note 11S
  • Redmi Note 11
  • Redmi Note 10 Pro
  • Redmi Note 10
  • Redmi Note 10 Pro Max
  • Redmi Note 10 JE
  • Redmi Note 8 (2021)
  • Redmi 10
  • Xiaomi Pad 5
  • Redmi 10 Prime
  • Mi 11X
  • Mi 11X Pro

Xiaomi ရဲ့ စွမ်းရည်မြင့် Xiaomi 12 နဲ့ 12 Pro အပြင် မကြာခင်က နိုင်ငံတကာအတွက် ကြေညာခဲ့တဲ့ Redmi Note 11 , Note 11S နဲ့ Note 11 Pro တို့မှာ MIUI 13 ကြိုတင်ထည့်သွင်းပေးထားပါတယ်။

Ref : gizmochina