Xiaomi က MIUI 13 Stable Version ဒုတိယ အသုတ် ရမယ့် Device စာရင်းကို ကြေညာလိုက်ပြီး အဲဒီအထဲမှာ Redmi K30 Pro ကနေ Xiaomi Mi 10 အထိ ပါဝင်လာပါတယ်။ ဒီ ၁ ကြိမ်မှာ စုစုပေါင်း စမတ်ဖုန်း ၁၃ လုံး ရရှိမှာ ဖြစ်ပြီး မတ်လကုန် ဖြန့်ချိပေးမှာပါ။

Xiaomi Listed Eligible Devices For Receiving the Latest MIUI 13 Update

MIUI 13 Stable Version ဒုတိယ အသုတ် ရမယ့် စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Redmi K40 Pro
  • Redmi K40
  • Xiaomi Mi MIX 4
  • Xiaomi Mi 11 Youth Edition
  • Redmi Note10 Pro
  • Xiaomi Mi 10S
  • Redmi K40 Game Enhanced Edition,
  • Redmi K30S Extreme Commemorative Edition
  • Xiaomi Mi 10
  • Xiaomi Mi 10 Pro
  • Redmi K30 Pro
  • Redmi Note 10
  • Xiaomi Civi

ပထမအသုတ် ရတဲ့ စာရင်းထဲမှာ Xiaomi Mi 11 Ultra, Mi 11 Pro , Mi Pad 5 Pro တို့လို နောက်ပိုင်းထုတ် Device အသစ်တွေ ပါဝင်ခဲ့ပါတယ်။

Xiaomi MIUI 13 Is Official: Here Are The Features Of MIUI 13MIUI 13 မှာ Dynamic Font System 2.0 ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ MiSans Font အသစ် ပါလာပြီး iOS 14 မှာလို Dynamic Widgets ထည့်သွင်းထားပါတယ်။ Fragmentation ကို လျှော့ချပေးတဲ့ Liquid Storage ပါလာပြီး Degragmentaton စွမ်းရည်ကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပါတယ်။ RAM စွမ်းရည် ပိုကောင်းစေတဲ့ Atomized Memory ထည့်သွင်းထားပါတယ်။

User အသုံးပြုပုံအပေါ် အခြေခံကာ System Resources ကို နေရာချထားပေးတဲ့ Focused Algorithm ပါလာတဲ့အတွက် ဖုန်းကို လျှင်လျှင်မြန်မြန် အသုံးပြုလို့ရစေပါတယ်။ CPU က အရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်နိုင်အောင် Active App တွေကို ဦးစားပေးတဲ့ စနစ် ပါပါတယ်။

ဖုန်း စွမ်းဆောင်ရည်နဲ့ စွမ်းအင် စားသုံးမှု အကြားမှာ ချိန်ညှိပေးတဲ့ Smart Balance ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်း ပိုကြာမြင့်စေတယ်လို့ ပြောပါတယ်။ Xiaomi ဟာ MIUI 13 မှာ Privacy ကိုပိုပြီး အာရုံစိုက်ထားပါတယ်။

Ref : gizchina