Motorola က စွမ်းရည်သင့် Moto G8 Power ကို ကြေညာလိုက်ပါတယ်။ ၆.၄ လက်မ IPS 19:9 FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး 16MP ဆဲလ်ဖီး ကင်မရာကို Punch Hole မှာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 16MP Main , 8MP Ultrawide , 8MP Telephoto နဲ့ 2MP Macro ကင်မရာတွေ ဖြစ်ပါတယ်။ အနောက်ဘက်က စက်ဝိုင်းပုံ Moto Logo မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။

Moto G8 Power မှာ Qualcomm Snapdragon 665 Chipset မောင်းနှင်ထားပြီး 4GB RAM နဲ့ 64GB Storage တွေ ထည့်သွင်းထားပါတယ်။ microSD Card နဲ့ Storage ကို မြှင့်တင်နိုင်ပါတယ်။ IP Rating မပါပေမယ့် ရေစက်ရေပေါက်တွေကို ခံနိုင်ပါတယ်။

အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်သွင်းထားတဲ့အတွက် ဘက်ထရီ သက်တမ်း အရမ်းလန်းမှာပါ။ 18W Charging ကို ထောက်ပံ့ပြီး Motorola က ၁ ခါအားသွင်းထားရင် ၃ ရက်လောက် အသုံးခံတယ်လို့ ပြောပါတယ်။ နောက်ဆုံးထုတ် Android 10 မောင်းနှင်ထားပါတယ်။

G8 Power အတွက် Smoke Black နဲ့ Capri Blue အရောင်တွေ ထုတ်လုပ်ထားပြီး အမေရိကန်မှာ ၂၄၉ ဒေါ်လာနဲ့ ရောင်းမှာပါ။ မြန်မာငွေ ၃ သိန်း ၆ သောင်းလောက်ရှိပြီး လာမယ့်လ အနည်းငယ်အတွင်း ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gsmarena