Moto G8 စမတ်ဖုန်းစီးရီးဟာ ရှေ့မှာ Moto G8 Play, Plus နဲ့ Power တို့ကို အရင်တွေ့ရပြီးမှ ရိုးရိုး Vanilla ဗားရှင်းဖြစ်တဲ့ Moto G8 အား ယနေ့မိတ်ဆက်လာခဲ့ပါတယ်။ ယခင်မျိုးဆက် Moto G7 တုန်းက ချိုသာတဲ့ဈေးနှုန်းနဲ့ စွမ်းဆောင်ရည်ကြား မျှခြေတစ်ခုရှာဖို့ မအောင်မြင်ခဲ့ပေမယ့် အခု ၂၀၂၀ မျိုးဆက်သစ်ကတော့ သိသာတဲ့ တိုးတက်မှုကို ပြသလာခဲ့တယ်လို့ ဆိုရမှာပါ။

6.4” လက်မ Display ဟာ 720p+ Resolution ကိုသာ သယ်ဆောင်လာတာကြောင့် မနှစ်က G7 ရဲ့ 6.2” 1080p+ Display နဲ့ယှဉ်ရင် Pixel Density ပိုင်းမှာ သိသိသာသာ ချထားတာဖြစ်ပါတယ်။ ဆဲလ်ဖီကင်မရာကလည်း မနှစ်ကလို 8MP ပဲဖြစ်ပေမယ့် Teardrop Notch အစား Punch-hole ဒီဇိုင်းသစ်ကို ပြောင်းထားပါတယ်။

နောက်ဘက်မှာတော့ Triple-camera အတွဲက အခုနှစ်အတွက် သိသာတဲ့ Upgrade ဖြစ်ပါတယ်။ အဓိက 16MP ကင်မရာကို 8MP Ultrawide Angle နဲ့ 2MP Macro Sensor တို့ဖြင့် တွဲဖက်ထားပါတယ်။ စတုတ္ထမြောက် Module ကတော့ Laser AF စနစ်ပါ။

Moto G8 ရဲ့အတွင်းပိုင်းမှာလည်း ပိုကောင်းတဲ့ ချစ်ပ်ဆက်တစ်ခုကို ထုံးစံအတိုင်း သုံးစွဲလာရပြီး G8 Plus မှာလည်း မြင်ခဲ့ရတဲ့ Snapdragon 665 ပါ။ သူ့မှာပါဝင်တဲ့ Adreno-600 စီးရီး GPU စနစ်ဟာ မျိုးဆက်ဟောင်းရဲ့ Adreno-500 ထက် နှစ်ဆနီးပါး ပိုမြန်ပြီး CPU ကလည်း အနည်းငယ် ပိုမြန်ဆန်ပါတယ်။

မန်မိုရီ Combo ကတော့ အရင်နှစ်လိုပဲ 4/64GB အတွဲဖြစ်ပြီး Dual-SIM စနစ်ကို Micro-SD Slot အဖြစ်လည်း မျှသုံးနိုင်တယ်။ အနည်းငယ်ပိုကြီးတဲ့ 4,000 mAh ပမာဏ ဘက္ထရီပါဝင်လာပေမယ့် အားသွင်းစနစ်ကလည်း 10W သာ ပါဝင်ပါတယ်။ 3.5mm Jack ပါဝင်ပြီး နောက်ဘက်မှာ Fingerprint အနေနဲ့ အသုံးပြုနိုင်တဲ့ Motorola Logo လေးကို မြင်ရမှာပါ။

Moto G8 အား ဘရာဇီးဈေးကွက်မှာ အရင်ဆုံးရောင်းချလာပြီး ဥရောပမှာတော့ စတာလင်ပေါင် ၁၈၀ (မြန်မာငွေ သုံးသိန်းနှစ်သောင်းကျော်) ခန့် ဈေးနှုန်းရှိပါတယ်။ မကြာခင်မှာ ကျန်တဲ့နိုင်ငံတကာဈေးကွက်ကိုလည်း ဝင်ရောက်လာတော့မှာပါ။

Ref – GSM Arena