Motorola Moto G9 Plus ရဲ့ သတင်းတွေ ထွက်နေတာ တော်တော်ကြာပါပြီ။ အခုတော့ Google Play Console မှာ အဲဒီ ဖုန်းကို စာရင်းတင်လိုက်ပြီ ဖြစ်ပြီး Specs တချို့ကို သိလိုက်ရပါတယ်။ Snapdragon 730 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB RAM , 1080p မျက်နှာပြင်နဲ့ Android 10 တွေ ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။

မနေ့ကပဲ Moto G9 Plus ကို ဆလိုဗေးနီးယား တယ်လီကွန် ၁ ခုက စာရင်းတင်ထားပြီး Specs အများစုနဲ့ ဓါတ်ပုံတွေကို ဖော်ပြထားပါတယ်။ ဒီဇိုင်းက Moto G8 Plus နဲ့ တူပြီး အနောက်ဘက်မှာ ကင်မရာတွေကို လေးထောင့်ပုံအကွက်ထဲ ထည့်ထားပါတယ်။ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး တပ်ဆင်ထားပြီး မျက်နှာပြင်က အရင်မျိုးဆက်ထက် ပိုကြီးလာပါတယ်။ ၆.၈ လက်မ 1080x2400p Resolution ထောက်ပံ့ထားပေမယ့် LCD ပဲ သုံးထားပါတယ်။

4GB RAM , 128GB Storage နဲ့ microSD Card Slot တွေ ထည့်သွင်းထားပြီး ဘက်ထရီက 5,000mAh ဖြစ်တဲ့အတွက် အသုံးခံမှာသေချာပါတယ်။ အနောက်ကင်မရာ ၄ လုံးရဲ့ သတင်းအချက်အလက်တွေကို မသိရသေးပေမယ့်  64MP , 2MP or 5MP Macro ကင်မရာတွေ ပါလာနိုင်ပါတယ်။ Ultrawide ကင်မရာ ၁ လုံးလည်း ထည့်သွင်းထားဖွယ်ရှိပါတယ်။

5G မပါဘဲ 4G ပဲ ထည့်သွင်းထားမှာ ဖြစ်ပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားနိုင်ပါတယ်။ ဆလိုဗေးနီးယား တယ်လီကွန်က စာချုပ်မပါဘဲ 4/128GB ကို ၂၃၅ ယူရို သတ်မှတ်ထားပြီး ၂၀ ယူရို လျှော့ဈေးပေးထားတဲ့အတွက် တကယ့်ဈေးဟာ ၂၅၅ ယူရိုလောက်ရှိနိုင်ပါတယ်။ မြန်မာငွေနဲ့တွက်ရင် ၄ သိန်းလောက် ရှိနိုင်ပါတယ်။

Ref : gsmarena