[Unicode]

Motorola က စွမ်းရည်မြင့် စမတ်ဖုန်း မကြေညာတာ ၂ နှစ်ကျော်နေပါပြီ။ အခုတော့ Motorola က လာမယ့်လမှာ အပြောင်းအလဲ ပြုလုပ်တော့မှာဖြစ်ပါတယ်။ ကုမ္ပဏီက နောက်လ ၂၄ ရက်နေ့ စပိန်နိုင်ငံ ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2020 နည်းပညာ ပြပွဲမှာ စွမ်းရည်မြင့် စမတ်ဖုန်း အသစ် ၁ လုံးကို ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

Motorola က MWC 2020 မတိုင်ခင် ၁ ရက်အလိုဖြစ်တဲ့ နောက်လ ၂၃ ရက်နေ့မှာ အဲဒီ စမတ်ဖုန်းကို မိတ်ဆက်မှာ ဖြစ်ပြီး ဖိတ်စာ‌တွေကို မီဒီယာတွေထံ ပေးပို့ထားပါတယ်။ MWC 2020 မှာ Huawei နဲ့ Samsung တို့က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်း‌တွေကို ကြေညာမှာ မဟုတ်တဲ့အတွက် Lenovo ပိုင်တဲ့ Motorola အတွက်တော့ တကယ့် ဂွင်ကောင်း ဖြစ်ပါတယ်။ ဘာစီလိုနာ နည်းပညာ ပြပွဲမှာ Motorola ရဲ့ စမတ်ဖုန်း အသစ်ဟာ ထင်ရှားပေါ်လွင်နေမှာ သေချာပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးထုတ် စွမ်းဆောင်ရည်မြင့် ဖုန်းက Motorola Z2 Force ဖြစ်ပြီး ၂၀၁၇ ခုနှစ် ဩဂုတ်လမှာ ကြေညာခဲ့တာဖြစ်ပါတယ်။ သိပ်မကြာခင်က ကြေညာခဲ့တဲ့ Razr 2019 ကလည်း စွမ်းရည်မြင့် နီးပါးလောက် ရှိပေမယ့် စွမ်းရည်မြင့် ဖုန်း အစစ်လို့ မပြောနိုင်ပါဘူး။ စွမ်းရည်သင့် Specs တွေပဲ ထည့်သွင်းထားတာပါ။ MWC 2020 မှာ ကြေညာမယ့် Motorola ရဲ့ စွမ်းရည်မြင့် စမတ်ဖုန်း နာမည်ကို မသိရသေးပေမယ့် Z Series တွေထဲက ဖြစ်နိုင်ပါတယ်။

Ref : gizmochina

[Zawgyi]

Motorola က MWC 2020 မွာ စြမ္းရည္ျမင့္ စမတ္ဖုန္း ၁ လုံးေၾကညာမည္

Motorola က စြမ္းရည္ျမင့္ စမတ္ဖုန္း မေၾကညာတာ ၂ ႏွစ္ေက်ာ္ေနပါၿပီ။ အခုေတာ့ Motorola က လာမယ့္လမွာ အေျပာင္းအလဲ ျပဳလုပ္ေတာ့မွာျဖစ္ပါတယ္။ ကုမၸဏီက ေနာက္လ ၂၄ ရက္ေန႔ စပိန္ႏိုင္ငံ ဘာစီလိုနာမွာ က်င္းပမယ့္ MWC 2020 နည္းပညာ ျပပြဲမွာ စြမ္းရည္ျမင့္ စမတ္ဖုန္း အသစ္ ၁ လုံးကို ေၾကညာမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

Motorola က MWC 2020 မတိုင္ခင္ ၁ ရက္အလိုျဖစ္တဲ့ ေနာက္လ ၂၃ ရက္ေန႔မွာ အဲဒီ စမတ္ဖုန္းကို မိတ္ဆက္မွာ ျဖစ္ၿပီး ဖိတ္စာ‌ေတြကို မီဒီယာေတြထံ ေပးပို႔ထားပါတယ္။ MWC 2020 မွာ Huawei နဲ႔ Samsung တို႔က စြမ္းေဆာင္ရည္ျမင့္ စမတ္ဖုန္း‌ေတြကို ေၾကညာမွာ မဟုတ္တဲ့အတြက္ Lenovo ပိုင္တဲ့ Motorola အတြက္ေတာ့ တကယ့္ ဂြင္ေကာင္း ျဖစ္ပါတယ္။ ဘာစီလိုနာ နည္းပညာ ျပပြဲမွာ Motorola ရဲ႕ စမတ္ဖုန္း အသစ္ဟာ ထင္ရွားေပၚလြင္ေနမွာ ေသခ်ာပါတယ္။

ကုမၸဏီရဲ႕ ေနာက္ဆုံးထုတ္ စြမ္းေဆာင္ရည္ျမင့္ ဖုန္းက Motorola Z2 Force ျဖစ္ၿပီး ၂၀၁၇ ခုႏွစ္ ဩဂုတ္လမွာ ေၾကညာခဲ့တာျဖစ္ပါတယ္။ သိပ္မၾကာခင္က ေၾကညာခဲ့တဲ့ Razr 2019 ကလည္း စြမ္းရည္ျမင့္ နီးပါးေလာက္ ရွိေပမယ့္ စြမ္းရည္ျမင့္ ဖုန္း အစစ္လို႔ မေျပာႏိုင္ပါဘူး။ စြမ္းရည္သင့္ Specs ေတြပဲ ထည့္သြင္းထားတာပါ။ MWC 2020 မွာ ေၾကညာမယ့္ Motorola ရဲ႕ စြမ္းရည္ျမင့္ စမတ္ဖုန္း နာမည္ကို မသိရေသးေပမယ့္ Z Series ေတြထဲက ျဖစ္ႏိုင္ပါတယ္။

Ref : gizmochina