အခုအချိန်မှာ Foldable ဖုန်းတွေရဲ့ စျေးကွက်ဟာပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်လာပြီဖြစ်ပါတယ်။ ဖုန်းကုမ္ပဏီတွေအကုန်လုံးနီးပါးက ကိုယ်ပိုင် Foldable ဖုန်းတွေကို မိတ်ဆက်နေကြသလို လာမယ့် ၂၀၂၂ ခုနှစ်မှာလည်း Foldable ဖုန်းအသစ်တွေအများအပြားထွက်ရှိလာဦးမှာပါ။

ဒီထဲမှာမှ Motorola ရဲ့ Razr Foldable ဖုန်းဟာ Foldable ဖုန်းစျေးကွက်၊ အထူးသဖြင့် အပေါ်ကနေ အောက်ကို ခေါက်ချိုးနိုင်တဲ့ Foldable ဖုန်းတွေထဲမှာ အစောဆုံးထွက်ရှိခဲ့တဲ့ဖုန်းတစ်လုံးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့်လည်း စစခြင်းထွက်ရှိခဲ့တဲ့ Motorola Razr အပြင် ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ Motorola Razr 5G Edition ဖုန်းတွေဟာ ထင်သလောက် အောင်မြင်မှုမရရှိခဲ့ပါဘူး။

ဒါပေမယ့်လည်း အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Motorola ဟာ လက်လျော့သွားမှာမဟုတ်ဘဲ နောက်ထပ် Razr Foldable ဖုန်းကို ထပ်မံမိတ်ဆက်သွားဦးမယ်လို့ သိရပါတယ်။ အခုသတင်းကိုတော့ Motorola ကို ပိုင်ဆိုင်တဲ့ Lenovo ကုမ္ပဏီရဲ့ Executive တစ်ဦးက Weibo စာမျက်နှာမှာ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် Motorola Razr ဖုန်းသစ်ထွက်ရှိဖို့က လုံးဝသေချာသွားပြီဖြစ်ပါတယ်။

Motorola Razr ဖုန်းအသစ်ဟာ Performance ပိုင်းမှာ ယခင်ထက်အများကြီးပိုပြီး Advanced ဖြစ်လာမယ်လို့ သိရသလို UI ပိုင်းကိုလည်း Improve ပြုလုပ်လာမှာဖြစ်ပါတယ်။ နောက်ထပ် Design ပိုင်းကိုလည်း ပိုကောင်းအောင် ပြုလုပ်ထားတယ်ဆိုပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် Motorola Razr Foldable ဖုန်းအသစ်ဟာ တရုတ်နိုင်ငံစျေးကွက်အတွက် အရင်ဦးဆုံး မိတ်ဆက်သွားနိုင်ခြေရှိနေပြီးတော့ နောက်ပိုင်းမှပဲ Global စျေးကွက်ကို ဝင်ရောက်လာဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း မကြာခင်မှာ ထွက်ရှိလာဦးမယ့် Huawei ၊ OPPO ၊ Xiaomi နဲ့ Samsung လိုမျိုး ကုမ္ပဏီတွေက Foldable ဖုန်းတွေကို ယှဥ်ပြိုင်နိုင်မလားကတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – GSM Arena