Motorola က စွမ်းရည်သင့် Moto G84 ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ 5G ထောက်ပံ့တဲ့ Snapdragon 695 Chipset မောင်းနှင်ထားပြီး ဈေးနှုန်း ချိုသာပါတယ်။

Motorola launches Moto G84 with a Snapdragon 695 and a PRICE

6.55” 10-bit OLED မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate ထည့်သွင်းထားပါတယ်။ Motorola က 1,300 Nits Peak Brightness အထိ ရတယ်လို့ ပြောပါတယ်။ Punch Hole မှာ 16MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Motorola launches Moto G84 with a Snapdragon 695 and a PRICE

အနောက်ဘက်မှာ 50MP Main (Dual PDAF, OIS) နဲ့ 8MP Ultrawide Angle ကင်မရာ ၂ လုံး ထည့်ထားပြီး ကင်မရာတွေဟာ 4K 30fps Video ရိုက်ကူးနိုင်ကာ ညဘက်မှာ ပိုကောင်းတဲ့ ဓါတ်ပုံတွေ ရိုက်ကူးနိုင်တဲ့ Auto Night Vision ပါပါတယ်။

Moto G84 မှာ Dolby Atmos နဲ့ Moto Spatial Sound ထောက်ပံ့တဲ့ စတီရီယို စပီကာတွေ တပ်ဆင်ထားပါတယ်။ Android 13 ပါလာပြီး ကုမ္ပဏီက Android 14 နဲ့ ၃ နှစ်အထိ Security Update ရမယ်လို့ ပြောပါတယ်။

Motorola launches Moto G84 with a Snapdragon 695 and a PRICE

Moto G84 မှာ 30W Fast Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။ သားရေအတု ဖြစ်တဲ့ Viva Magenta အရောင်ကို Motorola က Pantone နဲ့ ပူးပေါင်းထုတ်လုပ်ထားပါတယ်။ Marshmallow Blue နဲ့ Midnight Blue အရောင်ကိုလည်း ထုတ်လုပ်ထားပါတယ်။

Moto G84 အတွက် 12GB RAM, 256GB Storage တစ်မျိုးထဲ ထုတ်လုပ်ထားပြီး ၂၄၅ ဒေါ်လာ သတ်မှတ်ထားကာ စက်တင်ဘာလ ၈ ရက်နေ့ ရောင်းချမှာပါ။

Ref : gsmarena