Foldable Phone တွေကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ထဲကစတင်ပြီးတော့ စမတ်ဖုန်းထုတ်လုပ်သူတွေက မိတ်ဆက်လာကြပြီးတော့ အဲ့ဒီထဲမှာမှ ယခင် Keypad ခေါက်ဖုန်း Design နဲ့ ထွက်ရှိလာတဲ့ Motorola Razr က ထူးခြားနေတယ်လို့ ပြောလို့ရပါတယ်။

အခုဆိုရင်လည်း Motorola ကနေ Razr Foldable Phone ကို Pre-order နဲ့ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ Motorola Razr ဟာ မကြာခင်မိတ်ဆက်သွားမယ့် Samsung Galaxy Z Flip Foldable Phone နဲ့လည်း ယှဥ်ပြိုင်ရဖွယ်ရှိနေပါတယ်။

 

လောလောဆယ်မှာတော့ CNet ကနေ Motorola Razr ရဲ့ Display Hinge ခံနိုင်ရည်ကို စမ်းသပ်ခဲ့ပြီးတော့ ရလဒ်ကတော့ အားရစရာမကောင်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် Motorola Razr ဟာ အကြိမ်ရေ ၂၇,၀၀၀ ဝန်းကျင်မှာ Display Hinge ဟာ ပျက်စီးသွားပြီး လုံးဝပုံမှန်အတိုင်း ပိတ်နိုင်ခြင်းမရှိတော့တာကို တွေ့ရှိခဲ့ရပါတယ်။

အခုရလဒ်ဟာ Motorola Razr ကို ဝယ်ယူချင်တဲ့သူတွေအတွက်ကတော့ သတင်းဆိုးတစ်ခုဖြစ်ပြီး ပုံမှန်ဖုန်းကို အကြိမ်ရေ ၈၀ ဝန်းကျင်လောက် အဖွင့်အပိတ်ပြုလုပ်မယ်ဆိုရင်တောင်မှ ၁ နှစ်ဝန်းကျင်အတွင်းမှာ ပျက်စီးနိုင်ဖို့အခွင့်အရေးများပြားနေပါပြီ။

နှိုင်းယှဥ်ရမယ်ဆိုရင် Samsung Galaxy Fold ဟာ  အကြိမ်ရေ ၁၁၉,၃၈၀ အထိ ခံနိုင်ရည်ရှိခဲ့တဲ့အတွက် Motorola Razr က သိသိသာသာကို အားနည်းနေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Z Flip ကတော့ Ultra Thin Glass Display ကို အသုံးပြုလာမယ့်အတွက် Motorola Razr ထက်တော့ ပိုပြီးအဆင်ပြေနိုင်ဖွယ်ရှိနေပါတယ်။

Ref – Engadget