သတင်းများစွာ ထွက်နေတဲ့ Moto G Stylus (2021) ကို Motorola က တရားဝင်ကြေညာလိုက်ပြီး ၆.၈ လက်မ FHD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ G Series ထဲမှာ အကြီးဆုံး မျက်နှာပြင် ဖြစ်လာပြီး ဒစ်ဂျစ်တယ် ဘောပင် ပါလာပါတယ်။

Snapdragon 678 Chipset နဲ့ Android 10 ထည့်သွင်းထားပြီး Moto Note App လို ဒစ်ဂျစ်တယ် ဘောပင် အတွက် အထူးဖန်တီးထားတဲ့ ဆော့ဖ်ဝဲ လုပ်ဆောင်ချက် ပါပါတယ်။ ဒစ်ဂျစ်တယ် ဘောပင် ကနေ ပုံနဲ့ စာတွေကို ကော်ပြီကူးကာ တခြား App မှာ ထည့်သွင်းနိုင်ပြီး 4GB RAM , 128GB Storage ပါလာသလို microSD Card Slot တပ်ဆင်ထားပါတယ်။ 4,000mAh ဘက်ထရီ ထည့်သွင်းထားပြီး 10W Charging ထောက်ပံ့ထားပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာတွေနဲ့ အရှေ့ဘက်မှာ 16MP ကင်မရာ ထည့်သွင်းထားပြီး Main ကင်မရာက 4K 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက Hyperlapses ဖမ်းယူပေးနိုင်ပါတယ်။

ပလတ်စတစ်နဲ့ တည်ဆောက်ထားပြီး ရေစက်ရေပေါက် ခံနိုင်တဲ့ စွမ်းရည် ပါပေမယ့် IP Rating မပါလာပါဘူး။ လက်ဗွေရာ အာရုံခံ ကိရိယာကို ဘေးဘက်မှာ မြှပ်နှံထားပြီး နားကြပ်ပေါက်လည်း တပ်ဆင်ထားပါတယ်။ ၃၀၀ ဒေါ်လာ သတ်မှတ်ထားပြီး ၄ သိန်းလောက် ကျသင့်မှာပါ။ ဒီလ ၁၃ ရက်နေ့မှာ ပထမဆုံး အသုတ် ရောင်းမှာပါ။

Ref : gsmarena