Mr. Beast လို့ လူသိများတဲ့ Jimmy Donaldson ဟာ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Burj Khalifa ကို တက်နိုင်တဲ့ ၈ ယောက်မြောက်လူသား ဖြစ်လာပါတယ်။ သူရဲ့ အဲဒီအဆောက်အဦး ထိပ်ဖျားမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဟာ အင်တာနက်မှာ ပျံ့နှံ့နေပြီး သူက “ ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ ကမ္ဘာ့ အမြင့်ဆုံး အဆောက်အဦးပေါ်မှာ ကျွန်တော် မတ်တပ်ရပ်နိုင်ပါပြီ။ ဒါဟာ အံ့အားသင့်စရာ ကောင်းပါတယ်။ ကြောက်စရာကောင်းလို့ အောက်ကို မကြည့်ရဲပါဘူး။ “ လို့ ရေးသားထားပါတယ်။

Viral video: MrBeast stuns fans by reaching the peak of the Burj Khalifa,  watch

သူ့ရဲ့ စတန့်ကို လူများစွာက မတူညီတဲ့ မှတ်ချက်တွေပေးထားကြပါတယ်။ လူတစ်ယောက်က “ Tom Cruise က ပထမဆုံး အဲဒီအဆောက်အဦးပေါ်ကို တတ်နိုင်ခဲ့တာပါ။ သူ မကြောက်ခဲ့ပါဘူး။ “ လို့ ရေးသားထားပါတယ်။

MrBeast climbs Burj Khalifa viral video - MrBeast Jimmy Donaldson scales  Burj Khalifa and shares thrilling view from the top in viral video - India  Today

နောက်ထပ် လူတစ်ယောက်က “ ဒါဟာ တော်တော် မိုက်ပါတယ်။ အဲဒီ အဆောက်အဦး ပေါ်ကနေ ရှုခင်းကို ကြည့်ချင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။ နောက်ထပ် လူတစ်ယောက်က “ အမြင့်ကြောက်လို့ အဲဒီအပေါ် မတက်ရဲပါဘူး။ အောက်ကို ပြုတ်ကျသွားနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦး Burj Khalifa ပေါ်ကို တက်ရောက်ခဲ့သူတွေထဲမှာ Tom Cruise, Sheikh Hamdan, Nicole Smith-Ludvik, Will Smith, Sam Sunderland, Alain Robert နဲ့ Alexis Landot တို့ ပါဝင်ကြပါတယ်။

Ref : tribune