လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ တုန်းက မစ္စတာ ကူးပါးဟာ မိုလ်ဘိုင်းဖုန်းကို အောင်မြင်စွာနဲ့ တီထွင်နိုင်ခဲ့ပြီး အဲဒီဖုန်းနဲ့ပဲ ပထမဆုံး ဖုန်းခေါ်ဆိုမှုကို ပြုလုပ်နိုင်ခဲ့ပါတယ်။ တိတိကျကျဆိုရင်တော့ ၁၉၇၃ ခုနှစ် ဧပြီလ ၃ ရက်နေ့ပေါ့။

အဲဒီအချိန်တုန်းက Motorola က အင်ဂျင်နီယာ တစ်ယောက်ဖြစ်တဲ့ Marty Cooper က သူတီထွင်အောင်မြင်ခဲ့တဲ့ ပထမဆုံး မိုလ်ဘိုင်းဖုန်းနဲ့ ပြိုင်ဘက်ကုမ္ပဏီ Bell Laboratories က ပြိုင်ဘက်ဆီကို ဖုန်းခေါ်ဆိုပြီး အောင်ပွဲခံခဲ့တာပါ။

ဒါပေမဲ့ ကူးပါးရဲ့ ရှေ့ပြေးပုံစံ Motorola Dynatac 8000X ရဲ့ စီးပွားဖြစ်ဗားရှင်းကိုတော့ သူ့ရဲ့ပထမဆုံး ဖုန်းခေါ်ဆိုမှုပြုလုပ်ပြီး နောက် ၁၁ အကြာ ၁၉၈၄ ခုနှစ်မှ ဈေးကွက်ထဲ ပို့ဆောင်နိုင်ခဲ့တာပါ။

ပထမဆုံး မိုလ်ဘိုင်းဆဲလ်ဖုန်းဟာ “စာတိုပေးပို့လို့မရပါဘူး။ ကင်မရာမပါဝင်ပါဘူး။ မိနစ် ၃၀ ပဲ ဖုန်းခေါ်ဆိုနိုင်ပါတယ်။ ဘက်ထရီအားသွင်းချိန်က ၁၀ နာရီကြာပြီး၊ Stand-by ကတော့ ၁၂ နာရီ ရပါတယ်။ ဖုန်းရဲ့ထိပ်မှာ 6-inch (15cm) အင်တင်နာ တစ်ခုတပ်ဆင်ထားပါတယ်”

အလေးချိန်က 790g ရှိတာကြောင့် လက်ရှိ iPhone 14 ရဲ့ 172g နဲ့နှိုင်းယှဉ်မယ်ဆိုရင် လေးဆနီးပါး ပိုလေးပါတယ်။

မစ္စတာ ကူးပါးဟာ အခုဆိုရင်တော့ အသက် ၉၄ နှစ် ရှိနေပါပြီ။

Ref: BBC