Jimmy “MrBeast” Donaldson ဟာ Subscriber သန်း ၃၀၀ ပြည့်သွားတဲ့ ပထမဆုံး YouTuber ဖြစ်လာပါတယ်။ MrBeast ဟာ ပြီးခဲ့တဲ့ ၁ လကျော်ကပဲ အိန္ဒိယ တေးဂီတ ကုမ္ပဏီ T-Series ထက် Subscriber ပိုများသွားခဲ့ပါတယ်။
I remember freaking out when I hit 300 subscribers 11 years ago.. lol pic.twitter.com/YJadTd0pZq
— MrBeast (@MrBeast) July 10, 2024
T-Series ဟာ Subscriber သန်း ၂၀၀ ကျော်ရထားပြီး ဆွီဒင် YouTuber PewDiePie ကို ကျော်တက်နိုင်ခဲ့ပါတယ်။ ဇွန်လ ၁ ရက်နေ့မှာ MrBeast ဟာ T-Series ကို ကျော်တက်နိုင်ခဲ့ပြီး Subscriber အများဆုံး YouTube Channel ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိကစပြီး MrBeast ရဲ့ Subscriber အရေအတွက်ဟာ တဟုန်ထိုးမြင့်မားခဲ့ပါတယ်။
Donaldson ဟာ X (Twitter) မှာ YouTube Subscriber သန်း ၃၀၀ ပြည့်သွားတဲ့ Screenshot ကို တင်ကာ အသိပေးထားပါသေးတယ်။ သူက ၁၁ နှစ်အတွင်း Subscriber သန်း ၃၀၀ ရသွားခဲ့တယ်လို့ ရေးသားထားပါတယ်။ MrBeast ရဲ့ Fans တွေက Subscriber သန်း ၃၀၀ ပြည့်သွားတဲ့ MrBeast ကို ဂုဏ်ပြုချီးကျူးစကားတွေ ပြောကြားခဲ့ပါတယ်။
MrBeast ဟာ မကြာခင်က သတင်းခေါင်းစီးတွေမှာ ပါလာခဲ့ပြီး သူက အသက်အရွယ် ကန့်သတ်ချက်ကို နှိမ့်ချပေးရင် အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ပွဲဝင်မယ်လို့ ပြောခဲ့ပါတယ်။
Ref : hindustantimes