MrBeast မှာ သူ့ရဲ့ content တွေကို ဖြတ်ညှပ်ကပ် လုပ်ပေးဖို့ လူအယောက် “တစ်ထောင်ကျော်” ရှိပါတယ်။ သူက အဲဒီ clip တွေကို ကြည့်ရှုမှု ၁ သိန်း ပြည့်တိုင်း အယ်ဒီတာတွေကို ဒေါ်လာ ၅၀ ပေးပါတယ်။

MrBeast

Bloomberg ရဲ့ သတင်းအရ၊ MrBeast အသုံးပြုနေတဲ့ “Clipping” ကုမ္ပဏီကို တည်ထောင်သူက Anthony Fujiwara ဆိုတဲ့ အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ယောက်ပါ။ သူ့ကုမ္ပဏီက MrBeast လို content creator တွေရဲ့ YouTube show တွေကို အပိုင်းတိုလေးတွေ ဖြတ်ပြီး social media မှာ တင်ပေးရတာပါ။ အခုဆို သူ့မှာ အဲဒီလို ဖြတ်ညှပ်ကပ် လုပ်ပေးတဲ့ contract editor ပေါင်း ၂၃,၃၀၀ တောင် ရှိနေပြီး ၂၀၂၅ ခုနှစ်ထဲမှာပဲ ဒေါ်လာ ၇.၇ သန်းအထိ ရောင်းရငွေ ရှိခဲ့ပါတယ်။

The absolute worst burger I've ever eaten': why MrBeast, YouTuber with 170  million subscribers, is backing out of a food business | South China  Morning Post

စိတ်ဝင်စားစရာကောင်းတာက၊ MrBeast က အခု Clipping ကုမ္ပဏီကို ပိုက်ဆံပေးသုံးနေပေမယ့်၊ သူကိုယ်တိုင်က အဲဒီ clipping business ထဲ ဝင်လာနေပါပြီ။ လွန်ခဲ့တဲ့လက MrBeast ဟာ “Vyro” ဆိုတဲ့ video clipping platform တစ်ခုကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ platform က editor တွေနဲ့ brand တွေ၊ creator တွေကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ MrBeast ရဲ့ လုပ်ငန်းချဲ့ထွင်မှုတွေက ဒီမှာတင် မရပ်သွားပါဘူး။ သူက “MrBeast Financial” လို့ခေါ်တဲ့ banking app တစ်ခုအတွက် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ထားပါသေးတယ်။ အဲဒီ banking app က cryptocurrency နဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်မှုတွေ ပေးသွားမှာဖြစ်ပြီး ကိုယ်ပိုင် credit card တွေ၊ debit card တွေတောင် ပါဝင်လာနိုင်ခြေ ရှိပါတယ်။

Ref : complex